O.B.B.B - 29

4.3K 340 52
                                    

(Zawgyi)

''Kookie...ဒီကို​ကျောင်း​ပြောင်းလာချင်​တယ်​''

''ဟမ်​...ဘယ်​လို''

မထင်​မှတ်​ထား​သော စကား​ကြောင့်​ Omma​ရော Appaပါအံ့သြ​နေဟန်​ရှိသည်​။

''ဘာဖြစ်​လို့လဲ သားငယ်​ ဟိုမှာကဘာအဆင်​မ​ပြေလို့လဲ''

''​ဟင်​...သားငယ်​ ​ကျောင်းမှာသားငယ်​ကိုနိုင်​စားကြလို့လား ဘယ်​သူ​တွေလဲ ​ပြော omma ​ကျောင်းအုပ်​ကြီးကိုတိုင်​လိုက်​မယ်​''

''မ..မဟုတ်​ပါဘူး Kookieအနိုင်​ကျင့်​မခံရပါဘူး''

''ဒါဆို ဘာဖြစ်​လို့လဲက​လေး ဘာပြဿနာရှိလို့လဲ ommaကိုဘာမှဖုံးကွယ်​ထားစရာ မလိုဘူး​နော်​''

''အာ..ommaကလည်း Kookieက ဒီမှာommaတို့နဲ့အတူလာ​နေချင်​လို့ပါ ဘာပြဿနာမှမရှိပါဘူး ​ပြောင်းလာလို့မရဘူးလားဟင်​ ဟို...Ommaတို့အဆင်​​မ​ပြေလို့လားဟင်​''

Jungkookမျက်​နှာကိုတတ်​နိုင်​သမျှငယ်​ရင်း​ပြောမိသည်​။ommaတို့ ​သေချာ​ပေါက်​လက်​ခံမှဖြစ်​မည်​​လေ။

''အင်း...ငါတို့သားငယ်​တောင်​အရွယ်​​ရောက်​လာပြီပဲ သားငယ်​က​နောက်​နှစ်​ဆို အထက်​တန်း​နောက်​ဆုံးနှစ်​​နော်''

''Nae..Appa''

''အထက်​တန်း​နောက်​ဆုံးနှစ်​က တက္ကသိုလ်​ဝင်​ခွင့်​ရဖို့အ​ရေးကြီးတဲ့အတန်းဆိုတာ သားငယ်​လည်းသိပါတယ်​ ဒီမှာလာ​နေတာကAppaတို့အတွက်​ မထူးဆန်း​တော့ဘူးဆို​ပေမယ့်​ သားငယ်​ကျ​တော့ အကုန်​ တစ်​ကပြန်​စသလိုဖြစ်​သွားလိမ့်​မယ်​ ပတ်​ဝန်းကျင်​၊အစားအ​သောက်​ အ​ပေါင်းအသင်းကအစ​ပေါ့ ဆို​တော့...အ​ရေးကြီးတဲ့နှစ်​မှ တစ်​ခုခုလွဲ​ချော်​သွားမှာစိုး​တယ်​ သားငယ်​ တကယ်​လို့ ဒီမှာပဲတက်​ချင်​တယ်​ဆိုလည်း သားhyung​တွေသ​ဘောကိုလည်း​မေးကြည့်​​ပေါ့''

''ဟုတ်​တယ်​ သား Ommaလည်း အဲ့လို​တွေးမိတယ်​ ဒီမှာဆိုရင်​​တော့အကုန်​အစိမ်းသက်​သက်​ဖြစ်​​နေ​သော သားအတွက်ခက်​ခဲမှာစိုးတယ်​ တကယ်​ဒီမှာတက်​ချင်​တာလား''

''Nae...Omma''

''အင်း..ဒါဆိုလည်းOmmaတို့ တိုင်​ပင်​ပါဦးမယ်​ သားလည်း သားhyung​တွေကို​ပြောပြလိုက်​ဦး ကဲ..ကဲ..စားစရာရှိတာစား''

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now