O.B.B.B - 18

4K 379 52
                                    

''Tae Taeနဲ့ Jimin ဘာဖြစ်​​နေတာလဲ''

မနက်​စာစား​နေရင်း တခွိခွိဖြစ်​​နေကြ​သောထိုနှစ်​​ယောက်​ကိုသိပ်​ကြည့်​မရလာ​တော့တာ​ကြောင့်​ လှမ်း​ငေါက်​လိုက်​​တော့ Taehyungက

''Jin hyung...Kookieကိုကြည့်​''

ပြောပြီးဆက်​ရယ်​​နေပြန်​သည်​။ ထမင်းစားပွဲအရှည်​ကို ထိုနှစ်​​ကောင်​နှင့်​Hoseokကတစ်​ဖက်​ ၊ သူရယ်​ Namjoon,Yoongi,Kookieတို့ကတစ်​ဖက်​ထျုင်​ထားတာ​ကြောင့်​ စားပွဲထိပ်​တွင်​ထိုင်​​ထား​သော သူ့မှာ Kookieကိုမမြင်​ရ။ မျက်​နှာချင်းဆိုင်​က Hoseokကပါ စပ်​ဖြီးဖြီး ။ သူထပြီးကြည့်​လိုက်​​တော့

''Kookie!....Kookie!''

''အင်​...ဟင်​..ဘာ..ဘာကြီး''

အမ​လေး​လေး...ငိုက်​​နေသည်​မှာ အ​ရှေ့က ထမင်းပန်းကန်ကိုမျက်​နှာအပ်​​တော့မည်​။ Namjoonဆိုသည်​မှာ ဟိုက​လေးနှင့်​ ကပ်​လျက်​Yoongiနိုး​ပေးမည်​အထင်​နှင့်​ အားကိုး​နေလားမသိ ဒီ​လောက်​​ငိုက်​​နေတာကို တစ်​စက်​မှသတိမ​ပေး။ ဟို​ရေခဲတုံး Yoongiမျက်​လုံးကဖြင့်​ ပိတ်​ထားလား မှိတ်​ထားတာလားပင်​ မသဲကွဲ။

''Kookie..စားစရာရှိတာစား..အိပ်​ချင်​​နောက်​မှအိပ်​''

သူ​ပြောလိုက်​မှ နိုးလာပြီးဟိုကြည့်​သည်​ကြည့်​နှင့်​ တူကို​ကောက်​ကိုင်​သည်​။ဒီက​လေး ညကအိပ်​တာအရှိန်​မ​သေ​သေး​များလား။

နိုးလာပြီး ထမင်းဆက်​စား​နေပြီမို့ စိတ်​ချလက်​ချထိုင်​လိုက်​ခါရှိ​သေး

''ခွမ်း~ ကလွမ်း~''

''​နေ...​နေ..မကိုင်​နဲ့Kookie!ရှမယ်​''

သူထသွားကြည့်​​တော့ပန်​ကန်​အကွဲကို​ကောက်​ဖို့ရွယ်​​နေတဲ့လက်​က​လေး​တွေTaehyung​အော်​တာ​ကြောင့်​ရပ်​သွားတာမြင်​လိုက်​သည်​။

''ဘယ်​လိုဖြစ်​သွားရတာလဲKookieရယ်​''

Namjoonကအားမလိုအမရဝင်​​ပြောလာ​တော့ စူပုတ်​ပုတ်​နှင့်​...

''Kookieစား​နေရင်း တူတစ်​​ချောင်းကျသွားလို့​ကုန်း​ကောက်​လိုက်​တာ ဟင်းပန်းကန်​ပါတိုက်​ပြီးကျသွား​ရော''

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now