O.B.B.B - 24

3.6K 307 31
                                    

(Zawgyi)

''Jungkookie!!ဆင်းမလာ​သေးဘူးလား ​နောက်​ကျ​တော့မယ်​''

''Nae!လာပြီ hyung''

လူကြီး​လူ​ကောင်းပုံစံ​ပေါက်​​အောင်​ ​ဘေးတ​စောင်းခွဲကာ ပင့်​တင်​​နေ​သော်​လည်း နဖူး​ပေါ်ပြန်​ပြန်​ကျ​​နေ​သောဆံပင်​​ကြောင့်​ အလုပ်​များ​နေချိန်​ ​Namjoon hyung​ခေါ်လာတာ​ကြောင့်​ ​နောက်​ဆုံးတစ်​ချက်​ပင့်​တင်​လိုက်​ပြီး ​ပြေးဆင်းလာခဲ့သည်​။
''သွားမယ်​hyung...ရပြီ''

ကားစထွက်​သည်​အထိ နှစ်​ဦးသားတိတ်​ဆိတ်​လျက်​။နှစ်​​ယောက်​ကြားထဲ ​အေး​စက်​စက်​​လေထုတစ်​ခုခြား​နေသလို..
ထိုသို့​သောငြိမ်​သက်​မှုမျိုးကို သူမနှစ်​မြို့ပါ​ချေ။ရုတ်​တရက်​ဝင်​လာ​သောအ​တွေး​ကြောင့်​ သီချင်းဖွင့်​ရန်​လက်​အလှမ်း

''မဖွင့်​နဲ့...​စိတ်​ရှုပ်​​နေလို့..ငြိမ်​ငြိမ်​​နေ''

''Nae...''

အရင်​ကဆို ကားထဲ​ရောက်​တာနဲ့ သီချင်းဖွင့်​တဲ့အပိုင်းကသူ့အပိုင်​ ကြိုက်​သလို​ပြောင်း ဖွင့်​ပိတ်​ လုပ်​​နေကျ​ ၊ အလုပ်​က ပင်​ပန်းလာရင်​​တောင်​ သီချင်းနား​ထောင်​လိုက်​လို့အ​မော​ပြေသွားပြီဆိုပြီး ​ပြော​နေကျhyung..

ပြောင်းလဲသွားတယ်​​နော်​ hyung....

ရှယ်​ယာရှင်​အစည်းအ​ဝေးညစာစားပွဲ
ညစာစားပွဲဆိုသည်​က အမည်​ခံရုံ ၊ တက်​​ရောက်​လာကြမည့်​သူ​တွေအားလုံးက စီးပွား​ရေး​အကျိုးအမြတ်​ရှာဖို့ အလှမျက်​နှာဖုံးကိုယ်​စီနှင့်​ စကား​ချို​သွေးကြမည့်​ပွဲ...

ဒီလိုပွဲမျိုးကို Namjoonအ​နေနှင့် ​သူ့အား​ခေါ်မလာချင်​​သော်​လည်း လက်​ရှိပြဿနာကို​ဖြေရှင်းဖို့ကဒီတစ်​လမ်းသာရှိသည်​။ media​တွေ​စောင့်​ကြည့်​​နေကြချိန်​တွင်​ နှစ်​ဦးနှစ်​ဖက်​​​ကျေ​အေး​ပြီးဟန်​​ပေါ်​လွင်​​နေ​မှသာ သ​ကောင့်​သားပြဿနာကအဆင်​​ပြေလာနိုင်​​ချေရှိသည်​။Media​တွေနဲ့ Fan​တွေရဲ့အန္တရာယ်​က​ပေါ့​သေး​သေးမဟုတ်​။
ယခုကဲ့သို့တစ်​ခါသာရသည့်​အခွင့်​အ​ရေးမျိုးကိုလွဲ​ချော်​လို့မဖြစ်​ ။ ထိုက​လေးကို​လည်း ​သေချာမှာရ​ပေမည်​။

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now