O.B.B.B - 17

4.4K 365 63
                                    

''ဘယ်​လဲ Yoongi ည​နေ​တောင်​​စောင်း​နေပြီဟာ''

ဝတ်​လက်​စ coatကို ကြယ်​သီးတပ်​ရင်း အိမ်​​အောက်​ဆင်းလာသည့်​သူ့ကို Jin hyungကလှမ်း​မေးတာ​ကြောင့်

''ဝယ်​စရာ​လေးရှိလို့ DDPခဏသွားမလို့ Hyung...ဘာမှာဦးမလဲ''

(DDP - Dongdaemun Design Plaza)

''​​အေး..​အေး..ခဏYoongi ငါသွားကြည့်​လိုက်​ဦးမယ်​''

မီးဖိုခန်းထဲဝင်​သွားပြီး ခဏအကြာ​တွင်​ ပြန်​ထွက်​လာ​သောJin hyung

''​ရေညှိရယ်​..ကင်​မ်​ချီရယ်​ဝယ်​ခဲ့ဦး...အသားလည်းဝယ်​ခဲ့
ပြန်​လာမှငါပိုက်​ဆံပြန်​​ပေးမယ်​''

''Nae....ဒါဆိုကျွန်​​တော်​သွား​တော့မယ်​​နော်​''

''​အေး...​အေး...​''

''Hyung....Kookieလည်းလိုက်​မယ်​''

သူJin hyungကိုပြန်​​ဖြေပြီးသွားဖို့ပြင်​​တော့သူ့လက်​​မောင်းကိုလာခိုဆွဲပြီးပြုံးတုံ့တုံ့​လေး​ပြောလာသည့်​Jungkookie။ ဘယ်​က​နေဘယ်​လို​ရောက်​လာလဲမသိ အခုမှ လာကပ်​​နေသည်​။

''ဟိုက​လေး ဘာလိုက်​ရှုပ်​ဦးမလို့လဲ မလိုက်​သွားနဲ့''

ဟူ​သော Jin hyungရဲ့​​အော်​သံ​နောက်​တွင်​​​တော့ အလိုလို​စူလာ​သော နှုတ်​ခမ်း​လေး...နှာ​ခေါင်းပွပွ​လေးက 'ဟွန့်​' ခနဲတစ်​ချက်​ရှုံ့ရင်း ဆွဲထား​သော သူ့လက်​ကိုလွှတ်​ပြီး ဟိုဘက်​လှည့်​သွားသည်​။ စိတ်​​ဆိုးတယ်​ဆိုတဲ့သ​ဘော ...

''လိုက်​ချင်​လိုက်​ခဲ့''

''ဟင်​...တကယ်​လား''

ဝမ်းသာအားရမျက်​နှာ​လေးနှင့်​ ပြန်​လှည့်​လာရင်း ​မေး​နေပြန်​သည်​။

''Yoongi..မင်းက​တော့ ပြဿနာမီးထွန်းရှာလိုက်​ပြန်​ပြီ''

Jin hyungက​တော့ သိပ်​သ​ဘောမကျလှ

''လိုက်​ချင်​လိုက်​ပါ​စေ hyungရယ်​...အိမ်​မှာ​နေလည်း သူဘာအလုပ်​မှမရှိဘဲ''

''ဟီး..ဟုတ်​တယ်​ Kookieကပျင်း​နေတာ Jiminnie hyungကလည်း Tae Tae hyungရဲ့သူငယ်​ချင်း​​မွေး​နေ့ဆိုလို့ တူတူသွားကြတယ်​ Jin hyungအခုကြည့်​​နေတဲ့ဇာတ်​ကားကလည်းKookieကြည့်​ပြီးသားဆို​တော့​လေ..ဟီး..ဟီး''

Our Bad Baby Boo (Completed)(Zawgyi+Unicode)Where stories live. Discover now