Zawgyi
" ဟေ့ကောင်တွေမပြီးသေးဘူးလား... အောက်မှာထမင်းစားဖို့မယ်မယ်စောင့်နေတယ်ကွ..."
ဂုဏ် အေးလွန်းသည့်ရာသီဥတုတွင်ရေတောင်မချိုးနိုင်သေးဘဲ ချွေးထွက်အောင် ဒိုက်ထိုးနေရသည်။ မင်းခန့်နှင့် ထူးမွန် တို့ကိုပဲ ရေအရင်ချိုးခိုင်းထားရသည်။ ကိုယ်က အအေးကြိုက်ပေမယ့် အရမ်းအေးရင်တော့ တော်ရုံ မခံနိုင်ပေ။ ဘာမပြောညာမပြောနှင့် ပိတ်ထားခြင်းမရှိသည့်တံခါးအားဆွဲဖွင့်ကာဝင်လာသည့် ဘုန်းမှာ ကျွန်တော် ဒိုက်ထိုးနေတာကိုမြင်တော့ ခဏတွန့်သွားပေမယ့် အခန်းထဲသို့ဝင်လာပြီး....
" ဂုဏ် မင်းရေမချိုးသေးဘူးလား... ရေချိုးခန်းမအားလို့လား..."
ရေချိုးခန်းဘက်လှည့်ကြည့်ကာ ကုတင်ပေါ်သို့တက်ထိုင်ရင်းမေးလာလေသည်။ဂုဏ်လည်း ဒိုက်ထိုးနေသည်ကို ရပ်ပစ်လိုက်ကာ ကြမ်းခင်းပေါ်မှာပဲပက်လက်ကလေးလှဲချလိုက်ရင်း...
" ငါနည်းနည်းအေးနေလို့ ချွေးထွက်အောင်ဆော့နေတာ.. မင်းခန့်တို့လည်းရေချိုးတာ မပီးသေးလို့..."
ဗလာကျင်းနေသော ခန္ဓာကိုယ်ပေါ်တွင်ချွေးသီးချွေးပေါက်များကျဆင်းနေပုံက ဝါကျင်ကျင်မီးရောင်အောက်တွင် ဆွဲဆောင်မှုရှိလွန်းနေလေသည်။ ဘုန်းထိုမြင်ကွင်းအား ဘာကြောင့်မှန်းမသိ ငေးကြည့်နေမိသည်။ ဘုန်းငေးနေသည်ကို ရှောင်ဖယ်သွားခြင်းမရှိဘဲပြန်လည် ကြည့်လာသည့် ဂုဏ်။ သူတို့နှစ်ဦးကြားကတိတ်ဆိတ်နေခြင်းကိုဖြိုခွင်းလိုက်သူကြောင့် ကပြာကယာ မျက်နှာလွဲရသည်။ ဘာမှန်းမသိဘဲ ဝုန်းဒိုင်းကြဲနေသည့် ရင်ဘတ်ကြီးကိုလဲ ဘုန်းနားမလည်နိုင်ဖြစ်နေရသည်။
" ဘုန်း... မယ်မယ်စောင့်နေပြီလား... Sorry ကွာ.. ငါတို့ခရီးပန်းလာလို့ ခဏလှဲလိုက်တာ ၇ နာရီတောင်ထိုးတော့မယ်... မယ်မယ် ထမင်းစားချိန်ကျော်ရောပေါ့..."
Toilet အခန်းထဲကထွက်လာပြီးမေးနေသည့် မင်းခန့်သည်ရေချိုးလို့ ပြီးနေပြီဖြစ်သည်။ အခုမှရေချိုးခန်းထဲက ရေစိုနေသည့်ခေါင်းကို သဘက်နှင့်သုတ်ရင်းထွက်လာသောထူးမွန်သည်...
ESTÁS LEYENDO
ကမ္ဘာအပြင်ဘက်( COMPLETE)
RomanceZawgyi & Unicode တစ်ဦးတစ်ယောက်မှ မရှိသည့်နေရာ ကမ္ဘာအပြင်ဘက်မှာ
