မနက်ခင်းနေရောင်ခြည်က လိုက်ကာစကိုထိုးဖောက်ကာ ကွဲကွားသွားမည်စိုးသည့်အလား သိုင်းဖက်ကာ အိပ်နေကြသည့် လူနှစ်ယောက်ပေါ်သို ဖြာကျလျှက်ရှိသည်။ လေညှင်းလေးအသာအယာတိုက်ခတ်နေသောကြောင့် လှုပ်ရှားနေသည့်သစ်ပင်အိုကြီးရဲ့အကိုင်းအခက်များက နေရောင်ခြည်နှင့် ပေါင်းစပ်သွားသည့်အခါ အိပ်နေသည့်လူကို ပုတ်နှိုးနေသယောင်။
" ဒေါက်... ဒေါက်..."
အဆက်မပြတ်တံခါးခေါက်သံကြောင့် ဂုဏ် လူးလွန့်လာရသည်။ ခရီးပန်းနေသည့် ဘုန်းနိုးသွားမှာစိုးသောကြောင့် တံခါးရှိရာ အမြန်ပြေးလာရသည်။
" အမလေး... ဂုဏ်... ဘယ်လောက်တောင်အိပ်နေရတာလဲ... ခဏနေ လေယာဉ်ကွင်းသွားရတော့မှာလေ... မြန်မြန်လုပ်... သွားရေသွားချိုး။ ငါနင့်ပစ္စည်းတွေ သိမ်းထားပေးမယ်..."
ပြောခွင့်တောင်မပေးပဲ စကားတရစပ်ပြောကာ အခန်းထဲအတင်းဝင်လာသောကြောင့် တားဆီးခွင့်မမှီလိုက်။
** သွားပြီ.... ငါတော့နားငြီးတော့မယ်***
" ဟယ်.... ဘယ်ကနေ ဘယ်လို"
ဘုန်းလဲ Rose အသံကြောင့်နိုးလာသည်ထင်။
ဘုန်းအိပ်နေသည်ကိုမြင်တော့ လှုပ်ရှားနေသည့် Rose တစ်ယောက် ရဲရဲတောက်နေသည့်မီးပုံကို သဲဖုံးလိုက်သလို ငြိမ်သက်သွားကာ.... ဘုန်းအားလက်ညှိုးထိုးရင်း ကျွန်တော့ဘက်ကိုလှည့်ကြည့်လာလေသည်။
ကျွန်တော်လဲ ရယ်ကျဲကျဲဖြင့် အိပ်ယာထစ ပွယောင်ယောင်ဖြစ်နေသည့် ဆံပင်အား သပ်ချကာ အရှက်ပြေရယ်မိ၏။ မရယ်လို့လဲမရ... Rose က ထူးထူးဆန်းဆန်း လုပ်ကာမေးလာတော့မည်။ လိမ်လို့မရသည့်အထဲတွင် Rose က အထိပ်ဆုံးက ပါသည်မို့ ခေါင်းပဲကုတ်နေမိသည်။
ဘုန်းသည် ကျွန်တော် အဖြစ်ကိုမမြင်ရက်လို့လားမသိ အိပ်ယာက ထလိုက်ကာ...
" ကျွန်တော် ထားဝယ်ကို မရောက်ဖူးလို့ ဂုဏ်လဲရှိတုန်းလိုက်လာတာပါ...."
" အော်...."
မြည်တမ်းကာ တွေတွေဆဆစဉ်းစားနေပုံဖြင့် ဘာမှမပြောဘဲ တံခါးရှိရာသို့သွားနေပြီသွားနေပြီမို့ ဘုန်းနှင့် ကျွန်တော် သက်ပြင်းခိုးချတာ တစ်ဝက်တစ်ပျက်ပင်ရှိသေး။ မျက်လုံးများမှေးစင်းကာချက်ချင်းလှည့်ကြည့်လာသည်မို့ နှစ်ယောက်သားလန့်သွားရသည်။
YOU ARE READING
ကမ္ဘာအပြင်ဘက်( COMPLETE)
RomanceZawgyi & Unicode တစ်ဦးတစ်ယောက်မှ မရှိသည့်နေရာ ကမ္ဘာအပြင်ဘက်မှာ
