ငွေဆောင်တွင် နှစ်ယောက်သားမလုပ်ဖူးတာတွေ မပြောဖူးတာတွေ ဒီအချိန်လေးပဲ အခွင့်အရေးရှိတော့တယ်ဆိုတဲ့စိတ်နဲ့ အကုန်လုပ်အကုန်ပြောဖြစ်ခဲ့ကြသည်။ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တဲ့ ပရိတ်သတ်တွေရဲ့မီးပုံပွဲကို မသွားနိုင်ခဲ့ပေမယ့် ဘုန်း မျှဝေပေးတဲ့ အချစ်ပင်ပြင်မှာတော့ ဘယ်လောက်မောမော အခြေစုံလက်စုံ ရူးရူးမိုက်မိုက် လစ်ပစ်ကူးခတ်ဖြစ်ခဲ့သည်။
ခေါ်လာသမျှ ဖုန်းတွေကိုလဲ စိတ်ပူနေကြမယ်မှန်းသိပေမယ့် နှစ်ယောက်သားလစ်လျှူရှုဖြစ်ခဲ့ကြသည်။ ဒီတစ်ရက်လေးပါပဲ.... ဒီတစ်ရက်လေးပြီးသွားရင် ကျွန်တော်တို့နှစ်ယောက်ကြားက ဆက်နွယ်ပက်သက်မှုက တိမ်စိုင်တိမ်ခဲလို လွင့်ပါးပျောက်ကွယ်တော့မှာ။
တစ်ညလုံးတစ်မနက်ခင်းလုံး သူရင်ခွင်ထဲက မထွက်မစတမ်း တင်းတင်းဖက်တွယ်ထားခဲ့မိသည်။ ဘုန်းလဲကျွန်တော်လိုပဲ ခံစားနေရတယ်ဆိုတာ တစ်မှေးမှ မအိပ်စက်ဘဲ သူ့ရင်ခွင်ထဲက ကျွန်တော့ကိုသာငေးစိုက်ကြည့်နေရင်း တဖွဖွနမ်းခဲ့ခြင်းဖြင့် သိစေခဲ့သူ။
ဒီကနေပြန်ပြီးလျှင်...အဆက်အသွယ်လုံးဝ မပြုလုပ်ရန် ကျွန်တော်က ကတိကဝတ်တောင်းဆိုပြုခဲ့ပေမယ့် ဘုန်းကတော့ အင်းမလုပ်အဲမလုပ်နှင့်ကျွန်တော့ကိုသာ တွေတွေကြီးငေးစိုက်ကြည့်နေခဲ့သည်။
******************❤️❤️*******************
ဒီမင်္ဂလာပွဲရက်နီးလာလေလေ ကျွန်တော့မှာနေစရာဘုံပျောက်လာလေလေ..။ ဘယ်လိုအင်အားမျိုးတွေနဲ့ခုခံတော်လှန်ပြီးနေရမလဲမသိတော့။ ကျွန်တော့ရဲ့ ရူးကြောင်ကြောင် အပြုအမူတွေကြားထဲစိတ်ပူနေတဲ့ အမေနဲ့ သူငယ်ချင်းမလေးကိုလည်း အားနာလှပြီ။ အမေကိုတော့ သားနဲ့လင်ပါသမီးကြား ဗျာများနေရတာမျိုးလဲ မမြင်ချင်တော့။
ဟိုတစ်ပတ်ငွေဆောင်ကပြန်လာခဲ့တော့ မုန်းမှာ အိမ်သိုရောက်ချလာပြီး ပြောလိုက်တဲ့စကားလုံးများက တစ်နစ်တပိုး...
" ဂုဏ်ရောင် နင်မရှက်ဘူးလား.... ငါနဲ့ယူမယ့်ယောင်္ကျားတစ်ယောက်နဲ့ ငါ့နောက်ကွယ် မှာဖောက်လွဲဖောက်ပြန်လုပ်နေရတာ...ဟင်..,
YOU ARE READING
ကမ္ဘာအပြင်ဘက်( COMPLETE)
RomanceZawgyi & Unicode တစ်ဦးတစ်ယောက်မှ မရှိသည့်နေရာ ကမ္ဘာအပြင်ဘက်မှာ
