Zawgyi
ခမ်းနားထည်ဝါ ပေမယ့်တိတ်ဆိတ်နေတဲ့ အိမ်ကြီးထဲတွင်တော့ ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ပူဆွေးပြနေသည့်လူတစ်ချို့။
" အမရယ် ကျွန်တော်တို့မရှိတဲ့ရက်ပိုင်းမှာ ဘယ်လိုတွေဖြစ်သွားတာလဲ... တူလေးကိုအစအနတောင်ရှာမရတော့ဘူးဆို..."
အပူရုပ်ကိုဟန်လုပ်ကာ ဝမ်းနည်းပူဆွေးပြနေပေမယ့် မမြင်နိုင်သည့် အတွင်းစိတ်တွင်တော့ ဟားတိုက်ရယ်မောနေသည့် ဦးနန္ဒ။
" ဂုဏ်လေးမှ ဒီလိုတွေဖြစ်ရလား...မယ်မယ်ရယ်... ကျွန်မတို့ဖြေမဆည်နိုင်အောင်ပါပဲရှင်...."
တစ်စက်မှမကျသည့်မျက်ရည်အားအတင်းဖျစ်ညှစ်ထုတ်ကာရင်ထုနေသည့် မောင်၏မိန်းမ။
မယ်မယ်သည် ထိုမြင်ကွင်းရွံရှာစက်ဆုတ်စွာကြည့်ရင်း ခံပြင်းစိတ် ယူကြုံးမရစိတ် နှမြောစိတ်ဖြင့် မျက်ရည်ကျမိသည်။ အများအမြင်မှာတော့ သားကြောင့်ဝမ်နည်းပူဆွေနေရတယ်လို့ထင်ကြပေမယ့် အမှန်က လုပ်ရက်လေခြင်းဆိုတဲ့စိတ်နဲ့ဖြစ်သည်။
သားပျောက်သွားတဲ့နေမှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူတို့က အလုပ်ကိစ္စနဲ့ခရီးထွက်ကြသတဲ့။ ဘယ်လောက်တောင်အကွက်တွေရွှေ့ထားခဲ့ကြလဲဆိုတာ။ သစ်လုပ်ငန်းတစ်ခုလုံး သူ့လူလား ကိုယ့်ဘက်တော်သားလားဆိုတာပင်ခွဲလို့မရတော့အောင် အကျင့်ပျက်လှိုက်စားနေလေပြီ။ ထိုလုပ်ငန်းအားတနည်းနည်းနှင့်စီစဉ်ရတော့မည်။
သားဘုန်း၏အယောင်ပြ ဓာတ်ပုံဘောင်ဘေးတွင် ပုံပုံလေးထိုင်လျှက် ဘာစကားမှမဆိုစွာ တိတ်တဆိတ်မျက်ရည်ကျနေသည့် နေနေအားကြည့်ရင်းမယ်မယ်များစွာစိတ်မကောင်းဖြစ်ရသည်။ အကျင့်ပျက်ကာ မတော်မတရားလောဘဇောတိုက်နေသည့်မိဘတွေကြောင့် ဒီတူမလေးခမြာ မျက်နှာငယ်ရရှာတော့မည်။
ဘိုဘွားဘီဘင်ခေတ်အဆက်ဆက်ချမ်းသာခဲ့ကြသည့် မယ်မယ်တို့မိဘများသည် အိမ်ထောင်အသီးသီးကျသွားသည့် သားသမီးများကို သူထက်ငါမလျော့နည်းသည့်ပိုင်ဆိုင်မှုတွေနဲ့ ခွဲဝေပေးခဲ့ကြသည်။သို့ပေမယ့် နန္ဒ၏ အသုံးအဖြုန်းကြီးမှု နှင့် လောင်းကစားကြောင့် ရှိရှိသမျှအိမ် နှင့် လုပ်ငန်းတွေ တပါးသူလက်ထဲပါသွားခဲ့ရ၏။
YOU ARE READING
ကမ္ဘာအပြင်ဘက်( COMPLETE)
RomanceZawgyi & Unicode တစ်ဦးတစ်ယောက်မှ မရှိသည့်နေရာ ကမ္ဘာအပြင်ဘက်မှာ
