" ဂုဏ်ရေ.... ဂုဏ်ရောင်.....
ကျွတ်ဘယ်သွားနေလဲမသိဘူး..."
ညနေလာခဲ့ပါမယ်လို့ပြောခဲ့တာတောင် စောင့်မနေတာမို့ ဒေါသထွက်မိသည်။ Rose ဘဝမှာ ဘယ်ယောင်္ကျားကိုမှ အောက်ကျခဲ့ရတယ်ဆိုတာမရှိခဲ့။ ကိုယ်ကခေါ်ရင် ခြေရင်းမှာဝပ်ဆင်းချင်တဲ့သူတွေကတပုံတပင်။ ဘာပိုင်ဆိုင်မှုမှမရှိ... ဘာမက်မောစရာမှမရှိတဲ့ ဒီ ဂုဏ်ရောင် ဆိုတဲ့လူနဲ့တွေမှ ချေခံနေရသည်ကိုတော့ Rose စိတ်ထဲတနုတ်နုတ်ဖြစ်နေမိသည်။ ပြောလိုက်ရင်လဲ မတုန်မလှုပ်နဲ့သူ ပြန်ပြောရင်လဲ ပြောချင်သလိုလို မပြောချင်သလိုလို။ ကိုယ့်အတွက်လိုအပ်မနေခဲ့ရင် ဂုဏ်ရောင်ဆိုတာ Rose အတွက်တော့ အပြင်းဖြေကစားစရာ နယ်ရုပ်တစ်ခုသာသာ။
ပြန်ရတော့မလိုလို... စောင့်ပဲစောင့်ရမလိုလိုနှင့် ခြံဝတွင်ယောင်ချာချာဖြစ်နေတုန်း အထုပ်များတပွေတပိုက်ဆွဲကာ လမ်းထဲဝင်လာနေသည့် ဂုဏ်အားမြင်လိုက်တော့ ဒေါသထွက်နေသည့်စိတ်က ရေဖြန်းခံလိုက်ရတဲ့ မီးကျီမီးခဲလို ငြိမ်သက်သွားရသည်။
အရပ်မြင့်မြင့် ကိုယ်လုံးကိုယ်ပေါက်က မင်းသားတောင်အရှုံးပေးရမည့်ပုံ။ လမ်းလျှောက်ပုံစမတ်ကျမှုကြောင့် ခေတ္တာခဏငေးမိသွားရသည်။
ဟက်.... အဲဒီအချက်တွေကြောင့်လဲ သူမအတွက် ဂုဏ်ရောင် အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သီချင်းAlbum တစ်ခုထွက်ဖို့ကြိုးစားနေသည်မှာ နှစ်ပေါက်တော့မည်။ သီချင်းတချို့ကို စိတ်တိုင်းမကျခဲ့သလို ရှိသည်မို့ ရက်ရွှေ့နေရင်းက ဂုဏ်ရောင်အားတွေ့ခဲ့ရခြင်းဖြစ်သည်။ ကြည်လင်ပြတ်သားသည့်အသံသြသြတို့အပြင် ဘာသီချင်းလာလာဆိုနိုင်သူမို့ ပို၍စိတ်ဝင်စားခဲ့သောကြောင့် ဖြစ်ချင် လုပ်ချင်နေသည့် အိပ်မက်တစ်ခုအား စတင်အကောင်အထည်ဖော်ရန်အတွက် ဂုဏ် နှင့်မရမက တွေ့ဆုံကာ ကမ်းလှမ်းခဲ့ရသည်။
အစကတော့ ဝါသနာပါလို့ ဆိုနေတာပါ အဆိုတော်မလုပ်ချင်ဘူးလို့ငြင်းဆိုခဲ့သူသည် ၇ လလောက်ကြာပြီးမှ အတူတူတွဲလုပ်ပါသည်ဟု ဖုန်းဆက်လာခဲ့သည်။ ဂုဏ်အားပို၍ မက်မောခဲ့မိတာကတော့ ကိုယ်လိုချင်နေသည့် ကိုယ်ပိုင်သံစဉ် သီချင်းအမြောက်အမြား ရေးစပ်ထားခြင်းပင်။ သူချပြသည့် သီချင်းတိုင်းလိုလိုက ကိုယ်ကြိုက်တဲ့ပုံစံတွေပဲဖြစ်နေခဲ့သည်မို့ Album ထဲအကုန်ထည့်ပစ်ချင်သည်အထိ လောဘကြီးမိတော့သည်။
DU LIEST GERADE
ကမ္ဘာအပြင်ဘက်( COMPLETE)
RomantikZawgyi & Unicode တစ်ဦးတစ်ယောက်မှ မရှိသည့်နေရာ ကမ္ဘာအပြင်ဘက်မှာ
