တယောက်မျက်နှာ တယောက်ကြည့်ကာ တိတ်ဆိတ်နေသည့် ဘုန်းအခန်းလေးအတွင်း မယ်မယ်၏သက်ပြင်းချသံကို ကျယ်လောင်စွာချပြီးသည်နောက်....
" အဟမ်း...."
စကားပြောဖို့အရှိန်ယူဟန်ဖြင့် မယ်မယ်၏လည်ချောင်းရှင်းသံကြားရသည်မို့ ငြိမ်နေသည့် ဘုန်း နှင့် ဂုဏ် လှုပ်လှုပ်ရွရွဖြစ်လာရသည်။
" သားဂုဏ်... ဘာလို့သာသနာ့ဘောင်မဝင်တော့တာလဲ..."
ပြောမဲ့ပြောတော့လဲ ကိုယ်ဖြေရခက်သည့် စကားလုံးတွေမို့ ဆံပင်မရှိတော့ဘဲပြောင်နေသည့်ခေါင်းအား ပွတ်သပ်ကာ ရယ်ကျဲကျဲဖြစ်နေရသည်။
*** မယ်မယ်သားကိုမခွဲနိုင်လို့ ***
ဆိုကာဖြေလိုက်ရင် မကောင်းဘဲရှိတော့မည်။ သိရက်သားနဲ့လာမေးနေသည်မို့ အူကြောင်ကြောင်ပဲလုပ်နေလိုက်တော့သည်။
ဂုဏ်ရဲ့နားရွက်ဖြားများနီရဲနေသည့်အထိ ရှက်စိတ်များရွန်းပြွန်းကာ ရယ်ကျဲကျဲလုပ်နေသည့် ပုံစံက ဘုန်း မျက်လုံးများပင်မခွာချင်လောက်အောင် အချစ်ပိုနေမိသည်။ အခုပုံစံကမြင်ရခဲတော့ အမိအရ မှတ်တမ်းယူနေသည်လဲ ဖြစ်၏။
" အခုလို မထင်မှတ်တာတွေ ဖြစ်ကုန်ကြတော့ ဘယ်ကနေ ဘယ်လိုစကားစမြည်ပြောရမှန်းမသိတော့ဘူးကွယ်...
မယ်မယ်မှာ ဒီသားလေးပဲရှိတော့တာ ... တကယ်လို့ သားသာ အိမ်ထောင်မပြုခဲ့ရင် မယ်မယ်တို့မှာ အမျိုးဆက်ပြတ်ပြီ။"
" မယ်မယ်....."
ဂုဏ် မျက်နှာညှိုးကျသွားသည်မို့ ဘုန်း မယ်မယ်အား အလန့်တကြားဟန့်တားမိလိုက်သည်။ ဒီလိုအခြေအနေမှာ ဘယ်လိုစကားမျိုးတွေနဲ့မှ ဂုဏ် အပေါ် သက်ရောက်မခံနိုင်။ ကောင်းသည်ဆိုးသည် ကိုယ်ပဲခံမည်။
မယ်မယ်ကတော့ ကျွန်တော့ဟန့်တားခြင်းကို ခေါင်းငဲ့ကြည့်လာကာ တိတ်တိတ်နေဆိုသည့် မျက်ဝန်းတစုံဖြင့် အသံတိတ်အမိန့်ပေးသွားခဲ့သည်။
ထိုစဉ် ကျွန်တော့လက်အပေါ် နွေးထွေးသည့်လက်တစ်ဖက် ကျရောက်လာခဲ့သည်မို့ မကျေနပ်သော်လဲ နှုတ်ဆိတ်လိုက်ရ၏။ ကြည့်လိုက်တော့ ငါ့အဆင်ပြေပါတယ် ဆိုသည့်အပြုံးမျိုးဖြင့် ကျွန်တော့အား ကြည့်နေခဲ့သည့် ဂုဏ်။
YOU ARE READING
ကမ္ဘာအပြင်ဘက်( COMPLETE)
RomanceZawgyi & Unicode တစ်ဦးတစ်ယောက်မှ မရှိသည့်နေရာ ကမ္ဘာအပြင်ဘက်မှာ
