ဘုန်းနေသည့် ကွန်ဒိုတိုက်ခန်းသို့ Taxi စီးကာရောက်လာပြီး၂၄ လွှာသို့ ဓာတ်လှေကားစီးကာတက်ခဲ့လိုက်သည်။ ဘုန်းကတော့ အခန်း Password ပေးထားပေမယ့် ဂုဏ်ကတော့ အဲလိုကြီးမဝင်ချင်တာမို့ ဘဲပဲတီးလိုက်သည်။
တီးတီးချင်းပဲ ပွင့်လာသည့်တံခါးကြောင့်ရော မုန်းကိုမြင်တာကြောင့်ရော အံ့သြသွားရသည်။ တပြိုင်တည်းခံစားလိုက်ရတာကာ မနှစ်မြို့မှု။ အထဲက မင်းခန့်နှင့် ထူးမွန်၏ စကားနိုင်လုနေသည့်အသံကြားမှ အသက်ဝဝရှူရဲတော့သည်။
ယောင်္ကျားတန်မဲ့စိတ်ထားမပြည့်ဝဘူးပဲပြောပြော သဝန်တိုတယ်လို့ပဲပြောပြော မုန်းနဲ့ဘုန်းအားယှဉ်တွဲ မမြင်လိုသည်က ဘုန်းနဲ့ပက်သက်ပြီးကိုယ့်အတ္တတွေထဲကနောက်ထပ်တစ်ခု။
" ဟော... ဂုဏ်ရောင်... ပြန်လာပြီလား... အဆင်ပြေလား အသံသွင်းတာ...."
သွင်မခကတော့ ဂုဏ်အားမြင်မြင်ချင်းနှုတ်ဆက်လေသည်။ လူစုံလှချည်လား... ဘုန်းလဲဘာမှပြောမထားဘူး။
" အင်းပြေပါတယ်..."
" ငါတို့ကောင်ကြီးက မီးဖိုခန်းထဲမှာ.. မင်းပြန်လာရင်စားလို့ရအောင်ဆိုပြီး ချက်ပြုတ်နေတာ။"
ဟိုဒီဝေ့ဝဲရှာနေသည့်ကျွန်တော့အား လူအကဲခတ်တော်လွန်းသည့် ထူးမွန်က ဘုန်းရှိရာကိုမေးငေါ့ပြလေသည်။
" ဟာ အဲကောင်နေမကောင်းဘူးကွ.... ဘာတွေလုက်နေတာလဲ..."
" ဟင် နေမကောင်းဘူးလား... ဘာဖြစ်တာလဲ...."
မင်းခန့်တို့က ဘာမှမသိသည့်မျက်နှာတွေနှင့်မေးလာသည်မို့ရှင်းပြမယ်ကြံကာရှိသေး....ကြားဖြတ်ပြောလာသည့်မုန်းကြောင့် စိတ်ကမကြည်ချင်တော့။
" ဖျားနေတာလေ.... သူ့မျက်နှာလေးချောင်ကျသွားတာကြည့်ပါလား.... နင်တို့တွေက သူ့သူငယ်ချင်းအရင်းကြီးတွေသာပြောတာ ဘာမှလဲမသိကြဘူး...."
" အော် မုန်းရယ်... ငါတို့ကဘယ်သိမလဲ... နင့်လိုအရိပ်တကြည့်ကြည့်လိုက်ကြည့်နေတာမှမဟုတ်တာ..."
ထူးမွန်၏ရွဲ့တဲ့တဲ့အပြောကို မုန်းကတော့ မမူတဲ့အပြင် ပခုံးတွန့်ပြကာပြောလိုက်သည့်စကားကြောင့် ရေသောက်နေသည့် ဂုဏ်ပင် သီးသွားရသည်။
ESTÁS LEYENDO
ကမ္ဘာအပြင်ဘက်( COMPLETE)
RomanceZawgyi & Unicode တစ်ဦးတစ်ယောက်မှ မရှိသည့်နေရာ ကမ္ဘာအပြင်ဘက်မှာ
