Part-16

21.2K 1.7K 19
                                        

Zawgyi

မနက်ဝေလီဝေလင်းမြူမှုန်ဆိုင်းနေသည့် ရန်ကုန်ဆောင်းသည် အရင်နှစ်တွေထက်တော့အအေးပိုတယ်လို့ထင်ရစေသည်။ မနက်၅ နာရီဆိုတဲ့အချိန်က အိပ်ကောင်းတုန်းပေမယ့် တစစ်စစ်နှင့်ကိုက်သလိုလိုဖြစ်နေသည့် ကျောရိုးတစ်လျှောက်နာကျင်မှုကြောင့် နိုးထလာရသည်။

ဂုဏ်၏ခန္ဓာကိုယ်သည် အရင်လိုစိတ်သွားတိုင်းကိုယ်မပါတော့။ လှုပ်ရှားမှုများတဲ့နေ့တွေဆို အခုလိုမျိုးခံရခက်သည့်ဝေဒနာကိုခံစားရမြဲ။ မယ်မယ်ကအစစအရာရာ ဆေးကုသစရိတ်ကို လိုလိုလောက်လောက်ထောက်ပံ့ပေးခဲ့ပေမယ့် ထိုအဖြစ်အပျက်က တမင်ဖန်တီးယူခဲ့တာမဟုတ်တော့ စိတ်လုံစွာ ကုသခံနေဖို့ မဝံ့ရဲတော့။ ထိုကြောင့် လုံးလုံးမသက်သာသေးပေမယ့် သက်သာနေပါပြီဆိုတဲ့ အမှန်တစ်ဝက်မုသားတစ်ဝက်သုံးရင်း ရှောင်ထွက်ပစ်ခဲ့သည်။

ဘုန်းရော အစစအရာရာအဆင်ပြေရဲ့လား?

ဂုဏ်သတိရသည့်ညမှာပဲ ဘုန်းအားတွေ့ခွင့်ရခဲ့ပြီး
ဒီနေ့ဒီအချိန်ထိ ဘာသံမှမကြားခဲ့ရတော့။ အဖေတစ်ယောက်လုံးအသတ်ခံခဲ့ရသည်ဆိုတဲ့အသိက ဘုန်းအားဘယ်လောက်တောင်သွေးပျက်စေလိုက်မလဲ။
ဒီလူယုတ်မာရဲ့အဆုံးသတ်ကရော ဘာတွေဖြစ်သွားပြီလဲ ။ ဘာဆိုဘာသတင်းမှမကြားခဲ့ရ။  အိမ်ကိုရံဖန်ရံခါလာလည်တတ်သည့် မင်းခန့်တို့ဆီက ဘုန်းအကြောင်းလေးများကြားရမလားလို့အစ်အောက်ကြည့်တော့ ပြောလာသည်က ဘုန်းကမင်းကိုအမြဲမေးနေခဲ့တာပါတဲ့။

မင်းခန့်တို့ကကြည့်ကောင်းအောင်ပဲပြောနေတာလား အမှန်ပြောနေတာလားဆိုတာ ကျွန်တော်မသိ။ ကျွန်တော်သိတာတစ်ခုက ဘာလို့သူကိုယ်တိုင်မဆက်သွယ်ခဲ့တာလဲ။ ဒီ၅ လဆိုတဲ့အချိန်အတွင်းမှာတစ်ခါလောက်တော့ ဆက်သွယ်သင့်တယ်လို့မထင်မိဘူးလား။

သူ့ကြောင့်လို့အမည်မတပ်ချင်ပေမယ့် သူ့ပယောဂကြောင့် သေမလိုဖြစ်သွားခဲ့တဲ့ကျွန်တော့အပေါ် ဆေးကုသစရိတ်တွေပေးထားတာနဲ့ အဆင်ပြေသွားပြီလို့ထင်လိုက်တာလား။ ကိစ္စတွေပြီးတာနဲ့မင်းဆီဆက်ဆက်လာခဲ့ပါမယ်ဆိုတဲ့စကားက ငါ့အတွက်အတုအယောင်တွေများလားဘုန်းရာ...။

ကမ္ဘာအပြင်ဘက်( COMPLETE)Donde viven las historias. Descúbrelo ahora