part - 2

6.2K 347 6
                                    

ကျွန်​တော်​အကို့ကိုချစ်​မိ​နေပြီဖြစ်​တဲ့အ​ကြောင်း ကျွန်​တော့်​သူငယ်​ချင်းကို ရင်​ဖွင့်​မိသည်​။
သူက ရယ်​သည်​။ ကျွန်​တော်​ခဏတာအရူးထတာ ပါတဲ့​လေ။

ခဏတာအရူးထတာမဟုတ်​တဲ့အ​ကြောင်း သူ့ကို ကျွန်​တော်​မရှင်းပြဖြစ်​ခဲ့ပါ။
သူ့စိတ်​ထဲမှာ​တော့ အကို​ချောတာကို ကျွန်​တော်​က ခဏတာရူးမိသွားတာပါ​ပေါ့။

ဟင့်​အင်း....။ မဟုတ်​ဘူး​နော်​။ အကို​ချောတာ မ​ချောတာနဲ့မဆိုင်​ဘူး။ အကို ကျွန်​တော့်​နားမှာ ရှိတာ မရှိတာနဲ့မ​ဆိုင်​ဘူး။ ကျွန်​တော်​က အကို့ကို မြတ်​နိုး တာ။ အကိုဖြစ်​နေလို့ကို မြတ်​နိုးမိသွားတာပါ။

​နောက်​ဆိုထပ်​မ​တွေ့ရ​တော့ဘူးလို့​တွေးမိတိုင်းမှာ ကျွန်​တော့်​သွေး​တွေ​ခမ်းေ​ခြာက်​သွားသလိုပဲ။
အကိုက​နောက်​နှစ်​တန်​ဆောင်​တိုင်​ကိုထပ်​လာဦး မှာပါလို့ဖြည့်​တွေးမိ​တော့ ကျွန်​တော်​ဆောင်းရာသီ ကိုနှစ်​သက်​မိသည်​။

​နွေရာသီ​ကျောင်းပိတ်​တော့ အင်္ဂလိပ်​သင်​တန်းတက်​ရသည်​။​နောက်​နှစ်​အကိုပြန်​လာရင်​ကျွန်​တော်​အတန်းတစ်​တန်းကြီးသွားပြီဆိုတာကို ကြွားချင်​သည်​။

မနက်​ကိုးနာရီစသည့်​သင်​တန်းကို အိပ်​ပုတ်​ကြီးသည့်​ကျွန်​တော်​အမြဲ​နောက်​ကျတတ်​သည်​။

အကို့ကို အိပ်​မက်​မက်​ခဲ့သည်​။အကိုက ပန်းခြံထဲက ခရစ်​စမတ်​ထင်​ရှူးပင်​စိုက်​ထားတဲ့ ပန်းခုံ​ပေါ်မှာထိုင်​ပြီးကျွန်​တော့်​ကို လက်​ပြလှမ်း​ခေါ်​နေသည်​တဲ့။ အကို့အပြုံး​တွေ​တောက်​ပလွန်းသည်​။

ကျွန်​တော့်​ရဲ့သာယာလှစွာ​သောအိပ်​မက်​ကို ကျွန်​တော့်​အမရဲ့ သင်​တန်း​နောက်​ကျပြီဆိုတဲ့စကားတစ်​ခွန်းက ဖဲ့​ခြွေပစ်​သည်​။

အိပ်​ရာအမြန်​ထ၊ မျက်​နှာသစ်​ပြီးတာနဲ့ ညဝတ်​အင်္ကျီ​တောင်​မလဲဘဲ အ​နွေးထည်​အပါး​လေးထပ်​ဘောင်းဘီပဲလဲကာ အိတ်​ကို​ကောက်​ယူပြီး အိမ်​ပြင်​ပြေးထွက်​ခဲ့သည်​။

ခြံဝန်းထဲကပန်းခြံနားကိုဖြတ်​ခါနီးမှာ အနက်​ရောင်​hoodie ဝတ်​ထားတဲ့​ကျောပြင်​က ကျွန်​တော့်​ကို ရူးမတတ်​ပြုံးရွှင်​စေသည်​။

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now