အကိုပြန်သွားသည်။
ပြီးတော့ တန်ဆောင်တိုင်ပွဲအမှီပြန်လာသည်။
အကို့သူငယ်ချင်းတစ်ယောက်လည်းပါလာခဲ့သည်။အကိုသည် အမြဲလိုလိုရွှင်ပြနေတတ်ပေမယ့် အကို့သူငယ်ချင်းကတော့ မျက်နှာထားတည် လွန်းသည်။
ညနေကျူ ရှင်ပြန်လာတော့ အရင်လိုပဲ ခရစ်စမတ်ထင်ရှူးစိုက်ထားတဲ့ပန်းခုံမှာထိုင်ရင်း ဘောလုံးကန်တာကိုထိုင်ကြည့်နေတဲ့အကို့ကို တွေ့ရသည်။ ဒီတစ်ခါတော့အကိုတစ်ယောက်တည်းမဟုတ်။ အကို့သူငယ်ချင်းကလည်း အကို့ဘေးမှာ...။
အကို့ရှေ့ကနေဖြတ်မိတော့.....
"နောက်ကျတယ်နော်..."
ကျွန်တော့်ခြေလှမ်းတွေရပ်သွားသည်။ အကိုကတော့ ပြုံးလျက်။
ကျောပိုးအိတ်ကြီးကို မနိုင်မနင်းလွယ်ထားတဲ့ ကျွန်တော့်ပုံစံကဖရိုဖရဲဖြစ်နေသည်။"အော်..."
တစ်ခွန်းသာပြန်ဖြေပြီး အကို့ရှေ့ကနေမြန်မြန်လျှောက်ခဲ့မိသည်။
အကို့သူငယ်ချင်းက အကို့ကိုပြောနေတာကြားရသည်။"အဲ့ကလေးက ရိုင်းလိုက်တာ။ အကြီးကိုပဲ အော် ဆိုပြီးထွက်သွားတယ်"
"အော် ဆိုတာ ဟုတ် လို့ပြောတာ။ ပြီးတော့ ညီက အဲ့လိုပဲ။ စကား အရမ်းမပြောတတ်ဘူး။"
အကိုသည် ကျွန်တော့်အကြောင်းကို သိနေသလိုမျိုးရှင်းပြနေသည်။ ကျွန်တော့်ဘက်က နေရပ်တည်ပေးပြီး ရှင်းပြနေသည်။
ကျွန်တော်ပြန်လာတာကို လာကြိုတဲ့ ဘော်ဘီနဲ့ ဘလက်ကီကိုလည်း အရေးမစိုက်နိုင်။
အိမ်ထဲ အမြန်ပြေးဝင်မိသည်။အကို့ကိုချစ်တဲ့စိတ်က အရူးလိုပဲ။ အကို့စကား တစ်ခွန်းလေးလောက်ကိုတောင် သေမလောက်ကျေနပ်ပြီး ပျော်ရပါသည်။
ညရောက်တော့ အိမ်ရှေ့ကခုံတန်းရှည်လေးမှာထွက်ထိုင်မိသည်။
ကျွန်တော့်ခြေထောက်နားမှာလာအိပ်နေတဲ့ ဘော်ဘီနဲ့ဘလက်ကီရဲ့ခေါင်းအောက်ကို ကျွန်တော့် ဖိနပ်တစ်ဖက်စီပေးခုထားသောကြောင့်ခြေဗလာဖြစ်နေသည်။
YOU ARE READING
အရိပ်အယောင် အရိပ်အယောင်