part - 3

4.5K 326 6
                                    

ကျောင်းပြန်​ဖွင့်​တော့ B အခန်းသာကျ​ပေမယ့်​အကို​မှာခဲ့ဖူးတဲ့အတိုင်း တစ်​သွေမသိမ်းနား​ထောင်​ရင်း စာကြိုးစားမိသည်​။

အဆင့်​တစ်​က​နေ ငါးအတွင်းအမြဲဝင်​သည့်​ကျွန်​တော့်​ကို အ​မေက အတန်းပိုင်​ဆီကျူ ရှင်​ထပ်​ထားသည်​။
ကျွန်​တော်​က အိမ်​မှာစာမလုပ်​လို့ဖြစ်​ပါလိမ့်​မည်​။

အိမ်​မှာ ဘယ်​တော့မှစာအုပ်​မကိုင်​သော ကျွန်​တော်​ကအဆင့်​တစ်​က​နေ ငါးအတွင်းမှာပဲအမြဲရှိ​နေတာကို အ​မေအံ့ဩသည်​။​ကျောင်းမှာလည်း အမြဲ​အားရင်​မှောက်​အိပ်​နေတတ်​တဲ့ကျွန်​တော့်​ကို သူငယ်​ချင်း​တွေက ဥာဏ်​ကြီးရှင်​လို့ထင်​ကုန်​ကြသည်​။

ဟုတ်​ပါသည်​။ ကျွန်​တော်​ဥာဏ်​ကောင်းပါသည်​။
သူများ​တွေ နာရီဝက်​ကျရတဲ့စာကို ကျွန်​တော်​ဆယ်​မိနစ်​နဲ့ရ​အောင်​မှတ်​နိုင်​သည်​။
သူများ​တွေ သုံးခါ​လောက်​တွက်​မှ မှတ်​မိတဲ့ သင်္ချာ ပုစ္ဆာ​တွေကို ကျွန်​တော်​တစ်​ခါတည်းနဲ့မှတ်​မိသည်​။
အင်္ဂလိပ်​ဆိုတာက​တော့ ကျွန်​တော်​အကျွမ်းဆုံးဘာသာ။ သူများ အက်​ဆေး​တွေ​အော်​ကျက်​နေချိန်​ကျွန်​တော်​က​ကိုယ့်​ဘာသာ​ရေးတတ်​နေပြီဖြစ်​သည်​။

ထို​လောက်​ထိဥာဏ်​ကောင်းပါရက်​နဲ့ ဘာလို့ ဒီအတန်းမှ ထကြိုးစားရသလဲဆိုတာကို အ​မေကအမြဲ​မေးခွန်းထုတ်​တတ်​သည်​။
ကျွန်​တော့်​ရဲ့ ဂျစ်​ကန်​ကန်​အ​ကျင့်​ကို​ပြောင်းလိုက်​တဲ့သူက အကိုဆိုတာကို​တော့ အ​မေ့ကို​ပြောမပြဖြစ်​ခဲ့ပါ။

ထို​နေ့ကမိုး​တွေ အရမ်းရွာသည်​။
ည​နေ​ကျောင်းဆင်းချိန်​ထီးမပါတဲ့ ကျွန်​တော်​ကျောပိုးအိတ်​ကိုပိုက်​ကာ အိမ်​ကိုအ​ပြေးပြန်​ခဲ့ရသည်​။
ကျွန်​တော့်​တစ်​ကိုယ်​လုံးရွှဲလို့​ပေါ့။

ပန်းခြံ​ရှေ့ စင်​ဝင်​အောက်​ကအဖြတ်​တံခါး​မကြီးရဲ့​ပေါက်​ဝမှာ ရပ်​နေတဲ့တစ်​စုံတစ်​ယောက်​က ကျွန်​တော့်​ကို စကားလှမ်း​ပြောသည်​။

"ထီး​မေ့ခဲ့တာလား"

​ခေါင်းငုံ့​လျှောက်​နေတဲ့ ကျွန်​တော်​ကြည့်​လိုက်​မိ​တော့အသက်​ရှုသံ​တွေရပ်​ရမတတ်​ပင်​။
သည်းထန်​စွာရွာ​နေတဲ့ မိုးရဲ့အသံကိုလည်း မကြားမိ​တော့သလို မိုးစိုလာတဲ့ ခန္ဓာကိုယ်​ကလည်း မ​အေး​တော့​ပေ။

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now