part - 24

3.2K 292 31
                                    

ညီက ထူးထူးဆန်းဆန်းနဲ့ကို စိတ်​ဝင်​စားဖို့​ကောင်းတဲ့ က​လေးငယ်​တစ်​​ယောက်​...ကျွန်​​တော့်​အမြင်​ဆိုရင်​​ပေါ့။

လွန်​ခဲ့တဲ့ ဆယ်​နှစ်​​ကျော်​...ညီ့ကိုစသိခဲ့တုန်းက ကျွန်​​တော်​သ​ဘောကျခဲ့တာက ညီ့ အစ်​မ ​ရွှေရည့်​ကိုပါ။ ညီက​ မလတ် လို့​ခေါ်တတ်​တယ်​။

ဒါ​ပေမယ့်​​လေ... ​ရွှေရည့်​ကို​သ​ဘောကျခဲ့၊ ကြိုက်​ခဲ့တဲ့ကျွန်​​တော်​က ​ရွှေရည့်​ထက်​ ညီ့အ​ကြောင်းကိုပိုစိတ်​ဝင်​စားခဲ့တယ်​။ အ​ကြောင်းက​တော့ ညီက တခြားက​လေး​တွေလို ​​​ပျော်​​ပျော်​ပါးပါး​ဆော့ကစားတာမျိုးသိပ်​မရှိခဲ့လို့ပဲ။ ညီ့အပြုအမူ​တွေက ထူးခြားတယ်​။

ကျောင်းပိတ်ရက်မှာ ​​​မနက်​ခင်းဆို ​ကော်​ဖီခွက်​​လေးကိုင်​ပြီး ပန်းခြံထဲမှာ သူ့​ခွေး​လေး​ဘော်​ဘီနဲ့ရှိ​နေတတ်​တာမျိုး။ ဒါကို သူ့​ခွေး​လေးနဲ့​ဆော့ကစား​နေမယ်​ထင်​ရင်​မှားမှာ​ပေါ့။ သူ့​ခွေး​လေးက သူ့ဖိနပ်​ကို​ခေါင်းအုံးအိပ်​​နေတတ်​ပြီး ညီက​တော့ ​ခြေဗလာနဲ့ အုတ်​ခုံ​ပေါ်ထိုင်​ပြီး ​ဆွေး​ဆွေးမြည့်​မြည့်​​ကော်​ဖီထိုင်​​သောက်​​နေတတ်​တာမျိုး။

ကျောင်းဖွင့်​ရက်​မှာ​တော့ အိပ်​ရာထ​နောက်​ကျလို့ ပြာယာခတ်​ပြီး​ကျောင်းကို အိပ်​ချင်​မူးတူးနဲ့အ​ပြေးသွားတာ​လေး...အဲ့တာကလည်း ​ကျောင်းဖွင့်​ရက်​တိုင်းလိုလိုပဲ။
ညီက သူ့အပြုအမူတစ်​ခုခုကိုလွယ်​လွယ်​နဲ့မ​ပြောင်းတတ်​ဘူး။ ပြီး​တော့ ညီက စကားလည်းနည်းတယ်​။ လွယ်​လွယ်​နဲ့မပြုံးတတ်​ဘူး။

တကယ်​ဆိုရင်​ ညီကပြုံးရင်​သိပ်​ချစ်​စရာ​ကောင်းတာဗျ။ ညာဘက်​ပါး​ပေါ်က ပါးချိုင့်​က​လေးခွက်​ဝင်​သွားတဲ့အထိညီပြုံးရင်​ ကျွန်​​တော်​​တော့ ညီ့ကို အသည်းယားလွန်းလို့ ဆွဲရမ်းပစ်​လိုက်​ချင်​တာပဲ။

ညီက "​အော်​..." လို့အမြဲပြန်​​ဖြေတတ်​တယ်​။ ​"အော်​" ဆိုတာ "ဟုတ်​" ဆိုတဲ့အဓိပ္ပါယ်​တဲ့။
အစက​တော့ ရိုင်းတယ်​ထင်​ခဲ့​ပေမယ့်​ ​နောက်​​တော့လည်း ညီ့ဘက်​က အဲ့လိုထူးတာ​လေး၊ ​ဖြေတာ​လေးကို သ​ဘောတကျရှိလာခဲ့တယ်​။

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်On viuen les histories. Descobreix ara