ကြယ်တွေကို ရေတွက်မိသည်။
ဘယ်နေရာကနေ စရေတွက်မိသလဲဆိုတာကို မမှတ်မိတော့ ထပ်ခါထပ်ခါရေတွက်ရင်း စိတ်ရှုပ်လာရသည်။သက်ပြင်းတစ်ချက်ကို ရှိုက်ထုတ်ကြည့်သည်။
နာကျင်မှုတွေပါသွားမလား မျှော်လင့်ခဲ့ပေမယ့် ဘာမှမထူးခဲ့။မျက်ဝန်းတွေကို လိမ်ညာရင်း နှုတ်ခမ်းပါးရဲ့ ထောင့်စွန်းတွေကို ကွေးကြည့်သည်။ ညာဖက်ပါးက ပါးချိုင့်ကလေးမြင်ရတဲ့အထိ...ဒါပေမယ့် ရင်ထဲက ဆစ်ခနဲ။
*မင်းရဲ့ ကဗျာတွေထဲက 'သူ' ဆိုတာ နာမ်စားတစ်ခုမဟုတ်ဘဲ မြင့်သူရဲ့ နာမည်ဖြစ်နေခဲ့တာလား*
message ပြန်ပို့ဖို့ကို မတွေးရဲ။
လူမိသွားတဲ့ သူခိုးတစ်ယောက်လိုပဲ။ အကို့ရဲ့ ထိုအမျိုးသမီးမသိအောင် ကျွန်တော်က အကို့ကိုလိုက်ကပ်နေတာလည်းမဟုတ်ရပါဘဲနှင့် ဘာလို့ လိပ်ပြာမလုံသလိုဖြစ်နေရသလဲဆိုတာ အဖြေရှာမရ။အရိုင်းဝင်ချင်တဲ့စိတ်က တစ်ခါတစ်လေတွေးတယ်။ ကျွန်တော်က အရင်ချစ်ခဲ့တာပဲလေဆိုပြီးတော့ပေါ့...။
*ပြောစရာရှိတယ်။ ဖုန်းကိုင်ပါ*
ကိုခိုင်ရဲ့ဖုန်းနဲ့ပို့တဲ့စာပေမယ့် အရေးအသားအရ နောက်ဆုံးပို့ထားတဲ့ message ဟာ ကိုခိုင်မဟုတ်မှန်းသိသာနေသည်။
ဟင့်အင်း...။ ကျွန်တော် အကို့အသံကိုမကြားရဲဘူး။ အကို့စကားတွေ နားမထောင်ရဲဘူး။ ကျွန်တော့်မှာ သတ္တိမရှိဘူး အကို...။
ဆက်တိုက်မြည်နေတဲ့ ဖုန်းကြောင့် ကြံရာမရတဲ့အဆုံး ဖုန်းကိုစက်ပိတ်ပစ်လိုက်သည်။
ကျွန်တော်ဟာ ဝေဟင်ငယ်ပါဆိုတာကို ထုတ်ပြောလိုက်ရတဲ့ရလဒ်က သွေးပျက်ခြောက်ခြားခြင်းတွေပါပဲ။
အကို့ရဲ့ သိက္ခာကိုထိပါးသွားပြီလားဆိုပြီး ကြောက်ရွံ့နေရတဲ့ ခြောက်ခြားခြင်းတွေပါ။
အကို ကျွန်တော့်ကို မုန်းသွားမှာလားဆိုတဲ့ သွေးပျက်ခြင်းတွေ...။
![](https://img.wattpad.com/cover/170744693-288-k26021.jpg)
YOU ARE READING
အရိပ်အယောင် အရိပ်အယောင်