part - 5

3.8K 312 2
                                    

အကိုက ​လေပြည်​​လေညင်း​တွေလို တစ်​ခါတ​လေ မုန်​တိုင်းတစ်​ခုလိုပဲ။
ကျွန်​​တော်​ မသိခင်​ ကျွန်​​တော့်​အနား​ရောက်​လာ တတ်​ပြီး ကျွန်​​တော်​ သတိမထားမိခင်​မှာပဲ ပြန်​လည်​ ထွက်​ခွာသွားတတ်​သည်​။

လပြည့်​ညမှာ အကို ကျွန်​​တော့်​အကို​တွေနဲ့ သွားလည်​ကြတာကို ကျွန်​​တော်​လိုက်​ခွင့်​မရှိခဲ့ပါ။ အကိုက​တော့ ကျွန်​​တော်​လိုက်​သည်​ဖြစ်​​စေ မလိုက်​သည်​ဖြစ်​​စေ သတိထားမိမည်​မထင်​။

အဲ့ဒီ့ညက ညည့်​နက်​တဲ့ထိမအိပ်​နိုင်​ခဲ့ပါ။
အကိုတို့ပြန်​လာတာကို​စောင့်​ရင်း TV ကြည့်​​နေမိသည်​။
အိမ်​​ရှေ့မှာ ဆိုင်​ကယ်​သံ​တွေကြားလို့ထွက်​ကြည့်​​တော့ ယိုင်​​နေပြီဖြစ်​တဲ့ အကို့ကို ကျွန်​​တော့်​အကိုက တွဲထား​ပေးတာ​တွေ့ရသည်​။

ပြောခွင့်​များရှိရင်​ဖြင့်​ လပြည့်​​နေ့မှာ ​အရက်​​သေစာ ​သောက်​တာကိုက မဟုတ်​​သေးပါဘူး ဆိုပြီး ဆူပူမိ ​လေမလားပဲ။
ထိုစကားကို အကို့ကိုမ​ပြောဖြစ်​ခဲ့​ပေမယ့်​ ကျွန်​​တော့်​​အကို ကို​တော့​ပြောဖြစ်​ခဲ့သည်​။

"မြင့်​သူလည်း စိတ်​ညစ်​​နေလို့​သောက်​တာပါ"

ဆိုတဲ့စကား​နောက်​မှာ အကိုဘာဖြစ်​​နေသလဲဆိုပြီး ​တွေးပူတတ်​တဲ့စိတ်​က​လေးက ကပ်​ပါလာသည်​။
စိတ်​ညစ်​တိုင်း ​သောက်​စရာလား ဟုလည်း အပြစ်​တင်​ချင်​စိတ်​က​လေးက ဖြစ်​တည်​ပြန်​ပါ​သေးသည်​။

အကိုနှင့်​ပတ်​သတ်​လျှင်​ ကျွန်​​တော့်​မှာ စိတ်​​တွေများ လွန်းသည်​။ အကိုက ကျွန်​​တော့်​စိတ်​ကို ပိုင်​စိုးသည်​။

မနက်​​ရောက်​​တော့ အ​မေက အကို့အခန်းထဲ ပျားသံပုရာရည်​သွားပို့ခိုင်းခဲ့သည်​။

အခန်းတံခါး​ခေါက်​တာကို "ဝင်​ခဲ့ပါ "ဆိုတဲ့စကား တစ်​ခွန်းဖြင့်​တုံ့ပြန်​သည့်​အကို။
ခါတိုင်းဆို သူကိုယ်​တိုင်​သာ တံခါးလာဖွင့်​​ပေးမြဲ။
ပြီး​တော့ ကျွန်​​တော်​က ဘယ်​​တော့မှ သူ​နေတဲ့ အခန်းထဲမဝင်​ခဲ့ဖူး။

အခန်း​ရှေ့ရပ်​ပြီး​ကြောင်​​နေတဲ့ ကျွန်​​တော့်​ကို တံခါးဆွဲဖွင့်​လိုက်​တဲ့ အကို့ရဲ့လက်​တစ်​စုံက ထိတ်​လန့်​​စေခဲ့သည်​။

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now