part - 26

3.2K 266 13
                                    

မနက်​ ​လေးနာရီသာရှိ​သေး​သော်​လည်း တနင်္ဂ​နွေ သည်​ကျွန်​​တော့်​ကိုမိုး​တွေနှင့်​ကြိုသည်​။

အကို့လက်​​တွေက ကျွန်​​တော့်​ကိုတင်း​နေ​အောင်​ဖက်​ထား၍ လူကမလှုပ်​သာ​သော်​လည်း အ​တွေး​တွေက​တော့ လူးလွန့်​လို့...​။

ဝေးရပြန်​ပြီလားလို့​ပြောဖို့လည်း တကယ်​နီးခဲ့ဖူးသလားဆိုတာက စဉ်းစားစရာ။ နည်းနည်း​တော့ က​မောက်​ကမနိုင်တာ​ပေါ့​လေ။

အပြင်​မှာမိုး​တွေကသည်းသထက်​သည်း...မိုးခြိမ်းသံ​တွေနဲ့ လျှပ်​စီး​တွေကိုအ​ဖော်​ပြုပြီး အချိန်​အခါမဟုတ်​ရွာတဲ့မိုး။

"ညီ...အ​စောကြီးပဲရှိ​သေးတယ်​။ နိုး​နေပြီလား"

အကိုကနဖူး​ပေါ်ကဆံပင်​​တွေကိုသပ်​တင်​​ပေးရင်း​မေးသည်​။

"ဆက်​အိပ်​ချင်​​သေးတယ်​...။ မိုးသံကအရမ်းဆူလွန်းလို့ အိပ်​မရ​တော့ဘူး"

သက်​ပြင်းချသံတစ်​ချက်​နဲ့အတူပါလာ​သော ကျွန်​​တော့်​အ​ဖြေတွင်​ ​ကြောက်​ရွံ့ခြင်းတစ်​ချို့ကြီးစိုး​နေသည်​။
မိုးရဲ့အ​အေးဓာတ်​သည်​ အခန်းတွင်းသို့မဝင်​​ရောက်​သည့်​တိုင်​ ကျွန်​​တော့်​လက်​​တွေဘာ​ကြောင့်​​အေးစက်​​နေရပါသလဲ။ ကျွန်​​တော်​ဟာ ဘာလို့တုန်​လှုပ်​​နေရပါသလဲ။

"​ကော်​ဖီ​ဖျော်​​ပေးရမလား။ ဒါမှမဟုတ်​ စာအုပ်​ဖတ်​မလား ညီ။ ကိုယ်​ဘာလုပ်​​ပေးရမလဲ"

"ဟင့်​အင်း...ကျွန်​​တော်​ဘာမှမလိုဘူး။"

ညီ​ကြောက်​​နေတဲ့ဆုံးဖြတ်​ချက်​ကို ကျွန်​​တော်​ သိသည်​။
စိတ္တဇဆန်​ဆန်​​တွေးရင်း မိုက်​ရူးရဲဆန်​ချင်​လာတဲ့အခိုက်​အတန့်ေ​တွသည်​ ညီ့ရဲ့ ပါးချိုင့်​က​လေး​အောက်​မှာကျရှုံးခဲ့ရသည်​။
ဘာကိုပြုံးရသလဲ ညီငယ်​...။

"ကျွန်​​တော်​​ ဘာကြိုက်​တယ်​ဆိုတာစဉ်းစားမရလို့။ အ​မေရိကာနို၊ ဂစ်​တာ၊ အပြာ​ရောင်​၊ ပျားသံပုရာ၊ ဟန်းချိန်းအ​သေး​လေး​တွေ၊ မျက်​ကပ်​မှန်​အပြာ​ရောင်​၊ ဖိနပ်​အနက်​​ရောင်​...အကုန်​အကို့အကြိုက်​​တွေမလို့ ကျွန်​​တော်​ကြိုက်​ခဲ့တာ။ ကျွန်​​တော့်​စိတ်​နဲ့သာဆို ကျွန်​​တော်​ဘာကြိုက်​လဲမသိဘူး။"

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now