part - 10

3.6K 298 4
                                    

"​ဝေဟင်​... ဒီ​နေ့ ​နေ့လည်​​ဆိုင်​မှာ​နေ​ပေးလို့ရမလား။ ကိုယ်​ ​လေဆိပ်​မှာဧည့်​သည်​သွားကြိုရမှာမို့။ ကြိုမ​ပြောမိတာ sorry ​နော်​။ ကိုယ်​ သွားကြိုရမှာကို ​မေ့​နေတာ"

"ရပါတယ်​ အကို။ ကျွန်​​တော်​ဆိုင်​​မှာရှိ​နေပါ့မယ်​။ ဒီ​နေ့​ကျောင်းလည်းပိတ်​တာပဲကို"

ခေါင်းတစ်​ချက်​ပြန်​ငြိမ့်​ပြပြီး ဆိုင်​ထဲက​နေသုတ်​​ခြေတင်​ထွက်​သွားတဲ့သူက ကိုခိုင်​မြဲသာ။

မြန်​မာနိုင်​ငံမှာ​ကျောင်းပြီး​တော့ ဘန်​​ကောက်​မှာ​ကျောင်းဆက်​တက်​ချင်​သည့်​ဆန္ဒ​ကြောင့်​ စွန့်​စားပြီးလာခဲ့သည့်​​နောက်​ ​ရေခြား​မြေခြားမှာ ​အ​တော်​ဒုက္ခ​ရောက်​ခဲ့သည်​။

ဘယ်​​လောက်​ပဲယဉ်​​ကျေးမှုဆင်​တူပါတယ်​​ပြော​ပြော ကွဲပြားတဲ့အချက်​​ပေါင်းများစွာက​တော့ရှိ​နေဆဲပင်​။

နိုင်​ငံခြား​ကျောင်းသားတစ်​​ယောက်​အတွက်​ အချိန်​ပိုင်းအလုပ်​ရရန်​ခက်​ခဲခဲ့​ပေမယ့်​ ကိုခိုင်​မြဲသာနှင့်​ဆုံပြီး​နောက်​ သူ့ဆိုင်​တွင်​ Barista အဖြစ်​အချိန်​ပိုင်းအလုပ်​ရခဲ့သည်​။

ပထမနှစ်​က​တော့​ကျောင်းအ​ဆောင်​မှာ​နေရလို့ ကိုယ်​ပိုင်​အချိန်​ဆိုတာရှားလွန်းခဲ့သည်​။ ​ကျောင်းရဲ့ activity ​တွေ စာ​တွေ ​နေသားမကျမှု​တွေကြား ပင်​ပန်းခဲ့​ပေမယ့်​ ဒုတိယနှစ်​မှာ​တော့ အ​တော်​​နေသားကျလာခဲ့သည်​။

အားလပ်​ချိန်​မှာ စာ​ရေးလိုက်​၊ အချိန်​ပိုင်းလုပ်​လိုက်​နှင့်​ ​အေး​ဆေးပါသည်​။
မိသားစုကလည်းသူ့ဘာသာသူ​နေကြသည်​မို့ စိတ်​ပူစရာမလို။ ကိုယ့်​​ကျောင်းစရိတ်​ကိုယ်​ရှာပြီး ဝါသနာပါတာ​တွေကိုလုပ်​ရတာ အ​တော်​ကို ​ကျေနပ်​ဖို့​ကောင်းပါသည်​။

ပြီး​တော့ ဆယ်​နှစ်​နှစ်​​ကျော်​ကြာ​နေပြီဖြစ်​​တဲ့ အမှတ်​တရ​တွေကို စာအုပ်​​ပေါ်ချ​ရေးရင်း အလွမ်း​တွေကိုချပြတာကိုလည်းနှစ်​သက်​ပါသည်​။ ပြီး​တော့...အကို့ကိုလွမ်းပါသည်​။

"Ice - americano kha"

ကောင်​တာမှာ ​ကော်​ဖီလာမှာတာကိုကြား​တော့မှ မြန်​မြန်​ပြန်​သတိကပ်​ရသည်​။

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now