part - 16

3.3K 302 18
                                    

"​ဝေဟင်​...?"

ဘတ်​စ်​ကားမှတ်​တိုင်​မှာထိုင်​ပြီး မိုးခို​နေရင်းမှ ကျွန်​​တော့်​နာမည်​ကို​ခေါ်သံကြားလိုက်​ရသည်​။ အ​ဝေးတစ်​​နေရာမှ လှမ်း​အော်​သံ...ပြီး​တော့ မြန်​မာလိုပီပီသသ။

အကိုနဲ့ ​​နောက်​ဆုံး​တွေ့ဖြစ်​ပြီး​နောက်​ ​ကျောင်းသွားချိန်​မဟုတ်​လျှင်​ အပြင်​မထွက်​ဖြစ်​​တော့​။
ကျောင်းပြီးလျှင်​ အခန်းကိုပြန်​ပြီး ​ခွေအိပ်​​နေကျ။

ဒီ​နေ့မှ မင်းထက်​ပိုင်​​တောင်းဆိုလွန်းလို့ သူ့အ​ဆောင်​ကိုခဏလိုက်​သွားခဲ့တာဖြစ်​သည်​။ အပြန်​မှာမိုးရွာ​တော့ နီးစပ်​ရာ ဘတ်​စ်​ကားမှတ်​တိုင်​မှာမိုးဝင်​ခိုဖြစ်​ခြင်း။

ကျွန်​​တော့်​နာမည်​​ခေါ်တဲ့သူကို လိုက်​ရှာကြည့်​ရင်းမှ မျက်​နှာချင်းဆိုင်​လမ်းမှာ မိုး​ရေ​တွေရွှဲလျက်​ ကျွန်​​တော့်​ကိုလက်​လှမ်းပြရင်း လမ်းကူးလာဖို့ပြင်​​နေ​သော အကို့ကို​တွေ့လိုက်​ရသည်​။

Shirt အင်္ကျီအပြာနု​ရောင်​ရယ်​ style pant အနက်​​ရောင်​နဲ့ မိုး​ရေ​တွေရွှဲစို​နေတာ​တောင်​ အကို့အပြုံးက​တောက်​ပ​နေတုန်း။ လက်​ကအိတ်​ကိုရင်​ခွင်​ထဲပိုက်​ပြီး ကျွန်​​တော်​ရှိရာလမ်းဖက်​ကို​ပြေးလာတဲ့အကို့ကို ​ယောင်​မှားကာ ကြည့်​​နေမိသည်​။

ကျွန်​​တော်​ရူး​နေတုန်းပါပဲ...။ အကို့ကို ရူး​နေမိတုန်းပါပဲ အကိုရယ်​။

"​ဝေဟင်​...​ကျောင်းပြန်​တာလား။ ​နောက်​ကျတယ်​​နော်​"

ကျွန်​​တော့်​​ရှေ့မှာရပ်​ပြီး ​မေးတဲ့အကို့ကို သတိလက်​လွတ်​​ငေး​နေမိရာမှ အသိစိတ်​ဝင်​လာပြန်​သည်​။ အကိုသည်​ ဆိုင်​သူရှိပြီးသား။

ဆစ်​ခနဲနာကျင်​သွား​သောအသိနဲ့အတူ အကို့နားမှ လှည့်​ထွက်ဖို့ကြိုးစားမိသည်​။ အကိုက ကျွန်​​တော့်​ကိုထွက်​​ပြေးခွင့်​မပြု။
ကျွန်​​တော့်​လက်​​ကောက်​ဝတ်​ကိုဖမ်းဆွဲရင်း

"ညီ...ကိုယ့်​ကို စိတ်​ဆိုး​နေတာလား"

ကျွန်​​တော့်​ကို အမည်​နာမ ဘယ်​နှမျိုး​လောက်​သုံးပြီး​ခေါ်မလို့လဲ။

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Nơi câu chuyện tồn tại. Hãy khám phá bây giờ