EXTRA

5.4K 281 28
                                    

🎶ဂျပ်​ဆင်​ထိပ်​က လရိပ်​က​လေးသာတယ်​...လွမ်းမိတယ်​...သူဘယ်​ရောက်​နေလဲမသိ​တော့ပြီပဲ...🎶

​ရေဒီယိုက​နေပြန့်​လွင့်​လာတဲ့ သီချင်းက အတိတ်​တွေဆီ ကျွန်​တော့်​ကို​မျောပါသွား​စေသည်​။

.........
ညီက ဂျပ်​ဆင်​ထိပ်​ကလရိပ်​ပြာ ကိုခပ်​တိုးတိုးညည်းရင်း​ကော်​ဖီ​ဖျော်​နေရာမှ

"အကို... ဒီသီချင်းတီးပြမလား"

"ကိုယ်​မှ ဒီသီချင်းမရတာ ညီရဲ့..."

​ခေါင်းတညိမ့်​ညိမ့်​နဲ့ သူ့အ​တွေးနဲ့သူ သီချင်းကို ညည်း​နေပြန်​သော ညီ။

🎶​နွေ​ကျောင်းပိတ်​ရက်​တွေလွန်​ချိန်​မှာ သူပြန်​မလာနိုင်​ပြီပဲ...ဘာ​ကြောင့်​လဲကိုယ်​မသိခဲ့ပါ။ ဂျပ်​ဆင်​ထိပ်​က လရိပ်​ပြာရယ်​...🎶🎵

ကျွန်​တော်​က​တော့ လိုင်း​ပေါ်က​နေ ထူးအိမ်​သင်​ရဲ့ ဂျပ်​ဆင်​ထိပ်​ကလရိပ်​ပြာသီချင်းရဲ့ chord​တွေကို​အ​ပြေးရှာမိသည်​ပေါ့။

"​ညီ...ဒီမှာလာထိုင်​။ တီးပြမယ်​"

ဖုန်းကိုခုံ​ပေါ်ချရင်း ကျွန်​တော့်​ဘေးက​နေရာလွတ်​ကိုလက်​ဖြင့်​ပုတ်​ပြရင်း​ခေါ်လိုက်​သည်​။
ညီက အလိုက်​တသိပင်​နံရံမှာကပ်​ထောင်​ထားတဲ့ ဂစ်​တာကိုတစ်​ဖက်​ကကိုင်​ကာ လက်​တစ်​ဖက်​က​တော့​ကော်​ဖီခွက်​ကိုကိုင်​လျက်​ကျွန်​တော့်​ဘေးနား​ရောက်​လာသည်​။

ကြည့်​လိုက်​တီးလိုက်​နှင့်​သံစဉ်​တွေက သိပ်​တော့မလှပ​နေပါ။ ညီက​တော့ ပြုံးလျက်​နား​ထောင်​ပေးရှာသည်​။

"​ပေး​တော့...အကို ဒီသီချင်း​တွေမရဘူး။ ကျွန်​တော်​တီးပြမယ်​။ ဂျပ်​ဆင်​ထိပ်​ကလရိပ်​ပြာ​တော့မဟုတ်​ဘူး။ ဗင်းဆင့်​ဗန်​ဂိုးတမ်းချင်း...နားမ​ထောင်​ဖူးဘူးမလား"

"အင်း...လုပ်​ပါဦး"

"တီးလုံးပဲရမယ်​...စာသားကမရ​တော့ဘူး😅"

ညီ့ရဲ့​ခေါင်းလုံးလုံးကို လက်​နဲ့တစ်​ချက်​ပုတ်​လိုက်​ပြီး စားပွဲ​ပေါ်ချထားတဲ့ သူ့ရဲ့​ကော်​ဖီခွက်​က​လေးကို ဆွဲယူလိုက်​သည်​။
ချစ်​သူ ရဲ့ ဂစ်​တာသံ...
သူ​ဖျော်​တဲ့​ကော်​ဖီခါးခါး...

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now