part - 4

4K 304 4
                                    

သီတင်းကျွတ်​​ကျောင်းပိတ်​​ရက်​​တွေမှာ​လည်း ကျူ ရှင်​သွားရ၍ သိပ်​မနားရ။

ကျောင်းပြန်​ဖွင့်​လို့ report card ထွက်​လျှင်​ ကိုယ့်​အတန်းနဲ့ကိုယ်​ အဆင့်​စီမှာမဟုတ်​ဘဲ အတန်း အားလုံး​ပေါင်းပြီးမှ အဆင့်​စီမှာဖြစ်​သည်​။

အတန်းပိုင်​ကျူ ရှင်​မှာ ဆရာ​ပြောပြလို့ အတန်းအားလုံး​ပေါင်းမှာ ကျွန်​​တော်​ အဆင့်​ ​လေး ရမှန်းသိခဲ့ရ သည်​။ အင်္ဂလိပ်​မှာ ကျွန်​​တော်​အမှတ်​အများဆုံးတဲ့။

ဒါလည်း အခွင့်​သင့်​ရင်​ဖြင့်​ အကို့ကို​ပြောပြချင်​ပါ သည်​။ ကျွန်​​တော်​ ကြိုးစား​နေပါသည်​ဆိုတဲ့ သက်​​သေအ​နေနဲ့​ပေါ့။

ဆရာက ​ကျွန်​​တော့်​ကို သိပ်​အားကိုးသည်​။
အရင်​နှစ်​ အတန်းပိုင်​က ကျွန်​​တော်​ဘယ်​​လောက်​ ဆိုး​ပေ​ကြောင်း​ပြော​တော့ ဆရာကမယုံ။
အိမ်​စာမလုပ်​လို့ အမြဲအတန်းပြင်​ထွက်​ရပ်​ခဲ့ရတဲ့ က​လေးတ​ယောက်​ဆိုတာကို ဆရာလုံးဝမယုံပါ။

အရင်​တုန်းက ကျွန်​​တော်​ ဂျစ်​ကန်​ကန်​နိုင်​တဲ့ က​လေးတ​ယောက်​ဖြစ်​ခဲ့သည်​။ အကို့ကို မသိခင်​အချိန်​က​ပေါ့။
အိမ်​စာလည်းမလုပ်​ စာလည်းမကျက်တဲ့ ဆိုးသွမ်းတဲ့ ​ကျောင်းသားတစ်​​ယောက်​ဖြစ်​ခဲ့သည်​။

သို့​သော်​ ထိုအပြုအမူ​တွေနဲ့ ကျွန်​​တော့်​ရဲ့ ဂျစ်​ကန်​ကန်​နိုင်​တဲ့အကျင့်​တို့သည်​ အကို့ရဲ့ ကြိုးစား​နော်​ ဆိုတဲ့စကား​နောက်​မှာ ​ပျောက်​ကွယ်​သွားခဲ့သည်​။

သီတင်းကျွတ်​လပြည့်​​နေ့မ​ရောက်​ခင်​ နှစ်​ရက်​အလိုမှာ အကို​တောင်​ကြီးကို​ရောက်​လာခဲ့သည်​။

ည​နေ ၅ နာရီကျူ ရှင်​ကပြန်​လာတဲ့အချိန်​ ကျွန်​​တော်​လဲ အိမ်​​ရှေ့အ​ရောက်​ ကျွန်​​တော့်​​နောက်​က​နေ ဆိုင်​ကယ်​စီးဝင်​လာ​သော အကို့ကို​တွေ့ရသည်​။

အကိုဆိုင်​ကယ်​စီးတတ်​တာကို ကျွန်​​တော်​အံ့သြခဲ့ရ သည်​။ ပုံမှန်​ဆို ရန်​ကုန်​ကလူ​တွေက ဆိုင်​ကယ်​မှ မစီးကြဘဲ​လေ။

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now