part - 20

3.4K 273 22
                                    

*ညီ..... ​ကိုယ်​ည​နေ ညီ့နားလာ​နေမယ်​​နော်​*

အကိုသည်​ ​သောကြာညဆိုလျှင်​ ကျွန်​​တော့်​အခန်းမှာ ညအိပ်​​တတ်​တဲ့အကျင့်​ရှိလာခဲ့သည်​။
စ​နေ​နေ့ကို​တော့ သူ့တိုက်​ခန်းမှာ ကျွန်​​တော်​နဲ့အတူ အချိန်​ကုန်​တတ်​ပြီး တနင်္ဂ​နွေ​နေ့​ရောက်​ရင်​​တော့ ကျွန်​​တော်​တို့နှစ်​​ယောက်​ တနင်္လာ​နေ့အတွက်​ကြို​တွေးပြီး အပျင်းကြီးတတ်​ကြသည်​။

အကိုသည်​ ကျွန်​​တော့်​ကို ချစ်​သည်​ဟု တစ်​ခွန်းမ​ပြော။ အကို​ပြောခဲ့သည်​မှာ "ညီ့ကို ကိုယ်​လိုအပ်​တယ်​" ဟု တစ်​ခွန်းတည်းသာ။

အမှတ်​သည်း​​ခြေနဲ့ ဆင်​ခြင်​တုံတရားမရှိတဲ့ ကျွန်​​တော်​က အကို့​ဘေးမှာရပ်​​နေမိပြန်​ပါ​ရော။

"​ကျောင်းယူနီ​ဖောင်းဝတ်​ရင်​ အထဲက T-shirt အဖြူ​ရောင်​ခံဝတ်​။ အကုန်​မြင်​​နေရတယ်​"

ပြောလည်း​ပြော သူကိုယ်​တိုင်​လည်း T-shirt အဖြူ​ရောင်​​တွေ ဒါဇင်​လိုက်​ဝယ်​လာ​ပေးတတ်​​သေးသည်​။

"အကို...ကျွန်​​တော်​ခု​နေ ​သေသွားရင်​ ငိုမှာလားဟင်​"

ကျွန်​​တော်​က သိလိုစိတ်​ဖြင့်​ ထိုသို့စူးစမ်းမိလျှင်​ အကိုက

"နမိတ်​မရှိတာ​တွေမ​ပြောစမ်းနဲ့။" ဆိုပြီး မာန်​ပါပါနဲ့ ဆူတတ်​သည်​။

"အကို...ကျွန်​​တော့်ကို ဘာလို့လိုအပ်​တာလဲ"
ဟု စပ်​စုလျှင်​​တော့
"ညီက ကိုယ့်​ကိုတန်​ဖိုးထားလို့​လေ။ ညီ့မှာ ကိုယ်​နဲ့ပတ်​သတ်​ရင်​ မာနတို့ အတ္တတို့မရှိဘူး။ ညီက ​အေးချမ်းတယ်​။ တိတ်​ဆိတ်​တယ်​။ ချိုက​တော့ ညီနဲ့ဆန့်​ကျင်​ဘက်​ပဲ။"

အကိုက ထိုသို့ ကျွန်​​တော့်​ကို သူ့ရဲ့မ​ဟေသီနဲ့ နှိုင်းလျှင်​​တော့ ကျွန်​​တော်​စိတ်​ဆိုးတတ်​သည်​။ အကိုက​တော့ ကျွန်​​တော်​စိတ်​ဆိုး​နေမှန်း​တောင်​ သတိမထားမိခဲ့​ချေ။

ကျွန်​​တော်​စိတ်​ဆိုးရသည်​ကလည်း အကို့ကို မဟုတ်​ ကိုယ့်​ကိုယ်​ကိုဖြစ်​သည်​။ တစ်​လကြာလျှင်​ မြန်​မာပြည်​ပြန်​ပြီး သူမြတ်​နိုးတဲ့မိန်းက​လေးနဲ့ ​စေ့စပ်​​တော့မယ့်​သူကို ​လောဘကြီး​နေမိခြင်း​ကြောင့်​ပင်​။

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now