part - 12

3.3K 297 2
                                    

"​ဝေဟင်​...မ​နေ့က အကို့အိမ်​နား​ရောက်​ဖြစ်​​သေးလား"

ကော်​ဖီ​ဖျော်​လက်​စ လက်​​တွေရပ်​တန့်​သွားခဲ့သည်​။ လိမ်​ညာပါရ​စေ ကိုခိုင်​မြဲသာ။ ကျွန်​​တော်​ဟာ အကိုနဲ့ပတ်​သတ်​ရင်​ဘာမဆိုမဝံ့ရဲသူမို့ပါ။

"မ​ရောက်​ပါဘူး။ ဘာလို့လဲ"

"မြင့်​သူက မင်းကို​တွေ့လိုက်​တယ်​​ပြောလို့။ ငါ​ပြောသားပဲ ဒီ​ကောင်​မျက်​မှန်​တပ်​ဖို့လို​နေပါပြီဆို​နေ။"

ကျွန်​​တော် ကိုခိုင်​မြဲသာကိုပြုံးပြလိုက်​သည်​။
ရေ​နွေးကရားကိုကိုင်​ထားတဲ့လက်​​တွေ အနည်းငယ်​တုန်​ရီ​နေတာကို​တော့ ကိုခိုင်​မမြင်​​အောင်​ ဖုံးကွယ်​မိသည်​။
-
-
-
-

ဆိုင်​​ပေါက်​ဝက ​ခေါင်း​လောင်းသံနဲ့အတူ အပြုံးချိုချိုတစ်​ခုကိုဆင်​မြန်းလာတဲ့​ကျောင်းသူ​လေးက ဒီဆိုင်​ရဲ့ ပုံမှန်​စားသုံးသူတစ်​​ယောက်​။
နေ့တိုင်းလိုလိုလာဖြစ်​​နေ​သော​ကြောင့်​ ကျွန်​​တော်​တို့နှင့်​​တောင်​ အ​တော်​အတန်​ရင်းနှီး​နေပြီဖြစ်​သည်​။

"Sawadeekha...khun wai"

ချိုသာ​သောနှုတ်​ခွန်းဆက်​စကားနှင့်​အပြုံးချိုချိုကလိုက်​ဖက်​လွန်းလှစွာ။
ရှပ်​အင်္ကျီအဖြူ လက်​တိုနှင့်​ မီနီစကတ်​အတိုအနက်​​ရောင်​ကို သာမန်​တက္ကသိုလ်​​ကျောင်းသူ​တွေနည်းတူဝတ်​ဆင်​ထား​သော်​ငြား Kim ရဲ့ပုံစံကတစ်​မူထူးကာပိုလှ​နေ​သ​ယောင်​။
ပိတုန်း​ရောင်​ဆံပင်​​ဖြောင့်​ရှည်​​တွေ​ကြောင့်​လား ဒါမှမဟုတ်​ လှပတဲ့အသားအရည်​နဲ့ ခန္ဓာကိုယ်​အချိုးအစား​ကြောင့်​လား​တော့မ​ပြောတတ်​။

"Mocha...?"

သူ့ကို​မေးခွန်းထုတ်​လိုက်​​တော့ ​ခေါင်းတစ်​ချက်​ငြိမ့်​ပြကာ ထိုင်​​နေကျဆိုင်​​ထောင့်​ဆုံးကစားပွဲမှာသွားထိုင်​​စောင့်​သည်​။

-
-
-
"Kim က သူတို့်​​ကျောင်း​ရဲ့ star ဆို?"

*(ထိုင်းက တက္ကသိုလ်​​တွေရဲ့​မေဂျာတိုင်းမှာ Moon နဲ့ Star ဆိုပြီး​ရွေး​လေ့ရှိပါသတဲ့။ အဲ့က​နေပြီး​တော့မှ တစ်​​ကျောင်းလုံးရဲ့ Moon နဲ့ Star ကိုထပ်​​ရွေးပါတယ်​။Moon က​ယောက်ျား​လေးဖြစ်​ပြီး Star ကမိန်းက​လေးပါ။ မြန်မာ​​က​ကျောင်း​တွေမှာ​တော့ King နဲ့ Queen ဆိုပြီးသုံးကြတာ​ပေါ့​နော်​)*

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now