part - 7

3.5K 290 8
                                    

"ငယ်​....မြင့်​သူကိုထမင်းစားလို့ရပြီလို့ သွား​ပြော​ပေး ဦး"

အ​မေ့ရဲ့​တောင်းဆိုမှု​နောက်​မှာ ကျွန်​​တော့်​ရဲ့​ခြေလှမ်း​တွေက အကို့အခန်းရှိရာဆီဦးတည်​ခဲ့သည်​။

အခန်းတံခါးကို​ခေါက်​လိုက်​သည်​။ ဘာသံမှမကြားရ။
နောက်​ထပ်​တစ်​ခါထပ်​​ခေါက်​သည်​။ဘာမှမထူးလာ။

အကိုတစ်​ခုခုများဖြစ်​​နေပြီလားဆိုတဲ့စိတ်​က ဘယ်​က​နေဘယ်​လို​ရောက်​လာမှန်းမသိ။
တံခါးကို ခပ်​ပြင်းပြင်းထုမိသည်​။

အကို့နာမည်​ကို​အော်​​တော့မည့်​ဆဲဆဲ တံခါးပွင့်​လာသည်​။
မျက်​ရည်​ဝဲစပြု​နေတဲ့ ကျွန်​​တော့်​မျက်​လုံး​တွေကို အကိုမြင်​သွားဟန်​ရှိသည်​။ ​ခေါင်းအမြန်​ငုံ့လိုက်​​ပေမယ့်
အကိုမြင်​သွားတာ​သေချာသည်​။

"ညီ...ဘာကိစ္စရှိလို့လဲ"

"ဟို...ထမင်း...စား...ဖို့..."

ကျွန်​​တော်​ ထစ်​အပြီး​ပြောလို့မထွက်​​တော့တဲ့စကား ​တွေကို အကိုကသိ​နေသည်​။

"ကိုယ်​လာခဲ့မယ်​​နော်​။ ခုနက နားကြပ်​တပ်​ထားလို့ တံခါး​ခေါက်​တာ မကြားလိုက်​မိဘူး။ ​ဆောရီး..."

အကိုကပြုံးရင်း​ပြောသည်​။
ကျွန်​​တော်​က တုန်​​နေတဲ့လက်​ကို အင်္ကျီအိပ်​ကပ်​ထဲဖွက်​ပြီး ​ခေါင်းအမြန်​ငြိမ့်​ပြကာ အကို့ကို​ကျောခိုင်းသည်​။

နောက်​​က​နေ​ပြေးလိုက်​လာတဲ့ အကို့​ခြေသံကြားရသည်​။ကျွန်​​တော်​လှည့်​မကြည့်​မိ။
အကို ကျွန်​​တော့်​​ဘေးက​နေယှဉ်​ပြီး​လျှောက်​လာသည့်​တိုင်​ ကျွန်​​တော်​​ခေါင်းငုံ့ပြီး​လျှောက်​​ဆဲ။
ခြေ​ထောက်​​တွေပါတုန်​လာသည်​။

အကိုသာတစ်​ခုခုဖြစ်​သွားခဲ့ရင်​ဆိုတဲ့အ​တွေးက ​တော်​​တော်​ဆိုးသည်​။ အကို့ကိုစိုးရိမ်​မိတဲ့စိတ်​က ကျွန်​​တော့်​ကို​ဆောက်​တည်​ရာမရဖြစ်​​စေသည်​။
အကိုဘာမှမဖြစ်​သည့်​တိုင်​ ကျွန်​​တော်​တုန်​လှုပ်​​နေဆဲဖြစ်​သည်​။

"ကိုယ်​ ညစာမစားဖြစ်​​တော့ဘူးဆိုတာ အန်​တီ့ကိုလိုက်​​ပြောမလို့..."

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now