part - 13

3.3K 292 5
                                    

*ph~ring*

ကျောက်​ရုပ်​တစ်​ရုပ်​လို ဝရံတာမှာထွက်​ထိုင်​​နေရင်းနဲ့ ဖုန်းသံကြား​တော့ ဖုန်းကိုလိုက်​ရှာမိ သည်​။
ဖုန်းကို ဘယ်​နားထားမိပါလိမ့်​...။

နောက်​ဆုံး​တော့ ​ကျောင်းယူနီ​ဖောင်း ​ဘောင်းဘီအိတ်​ကပ်​ထဲမှာပြန်​​တွေ့သည်​။ ဘယ်​​လောက်​​တောင်​ အာရုံ​တွေ​ပျောက်​​နေသလဲဆိုတာ ဖုန်း​တောင်​ အိတ်​ကပ်​ထဲကမထုတ်​ဘဲ ​ဘောင်းဘီကို အဝတ်​​လျှော်​ခြင်းထဲပစ်​ထည့်​ထားသည်​​လေ။

ဝေဟင်​ငယ်​ ဆို​တဲ့​ကောင်​ကအဲ့လိုပဲ။ အကို နဲ့ပတ်​သတ်​ရင်​ ရူးမတတ်​​သွေးပျက်​တတ်​တဲ့​ကောင်​။

ဖုန်းနံပါတ်​ကိုကြည့်​လိုက်​​တော့ အခြားသူမဟုတ်​ ကိုခိုင်​မြဲသာ။
ကိုခိုင်​က ဒီအချိန်​ဖုန်းဆက်​တယ်​ဆိုတာ အကို့​​ကြောင့်​ပဲဖြစ်​လိမ့်​မည်​။ည​နေက sorry တစ်​ခွန်းတည်း​ပြောပြီး လှည့်​ထွက်​လာခဲ့မိသည်​ကိုး။

အဆက်​မပြတ်​​ခေါ်​နေ​တော့ မကိုင်​လို့မရ။

"Hello ကိုခိုင်​"

"​ဝေဟင်​...မြင့်​သူက​ပြောလို့။ ည​နေက ရုတ်​တရက်​ လှည့်​ပြန်​သွားတယ်​ဆို။ ဘာဖြစ်​တာလဲ။"

အကို ကျွန်​​တော့်​ကိုစိတ်​ပူတာလား။ ဒါမှမဟုတ်​ သူ့ရည်းစားရဲ့အ​ပြောအဆိုအတွက်​ သူတာဝန်​မကင်းတာ​ကြောင့်​လား။ ဘာ့​ကြောင့်​လဲ။

"ကျွန်​​တော်​ဘာမှမဖြစ်​ပါဘူး။ ကိုမြင့်​သူကိုလည်း စိတ်​ထဲမထားပါနဲ့လို့​ပြော​ပေးပါ​နော်​"

"မင်းကို အလုပ်​သမားလို့​ပြောလိုက်​တာကို စိတ်ဆိုးသွားတာလား။ ချိုမာက စကား​ပြောမတတ်​လို့ပါ။ နားလည်​​ပေးလိုက်​ပါ​"

ကျွန်​​တော်​ သူ့အ​ကြောင်းကို တစ်​စက်​က​လေးမှ သိချင်​စိတ်​ ကြားချင်​စိတ်​မရှိပါ။ ဖြစ်​နိုင်​လျှင်​ ထိုနာမည်​နဲ့အမျိုးသမီးကိုပါ မမြင်​ခဲ့ရသလို ​မေ့ပစ်​လိုက်​ချင်​သည်​။

"ကိုခိုင်​ ကျွန်​​တော်​တကယ်​ဘာမှမဖြစ်​ဘူး။ ပြီး​တော့ သူတို့​တွေအ​ကြောင်းလည်း ကျွန်​​တော်​ စိတ်​မဝင်​စားဘူး။ ​နောက်​ပြီး​တော့ ကိုမြင့်​သူနဲ့ပတ်​သတ်​တဲ့ကိစ္စ​တွေ ကျွန်​​တော်​မကူညီပါရ​စေနဲ့။ ကျွန်​​တော်​ ​တောင်းဆိုတာပါ"

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now