ဟာ...ဒီအမျိုးသမီးကဘာလို့်ဆိုင်မှာရောက်နေရတာလဲ။
ကျွန်တော့်ရဲ့အလိုမကျခြင်းများစွာနဲ့ အံ့သြခြင်းတွေမဆုံးခင် ကျွန်တော့်နောက်ကနေ အကိုက ထိုအမျိုးသမီးရှိရာစားပွဲသို့ဦးတည်သွားသည်။
"ကို...လိုချင်တဲ့စာအုပ်တွေ့ခဲ့လားဟင်။"
ထိုင်နေရင်းကမှ မော့ကြည့်ပြီး ကလေးငယ်တစ်ယောက်လိုအပြစ်ကင်းတဲ့မျက်လုံးမျိုးနဲ့ မေးတော့ အကိုက ပြုံးကာ ထိုအမျိုးသမီးရဲ့ခေါင်းကိုခပ်ဖွဖွပုတ်ရင်း ခေါင်းငြိမ့်ပြသည်။
"ဝေဟင်..."
ကောင်တာကနေ ကိုခိုင်မြဲသာခေါ်တော့မှ ကျွန်တော့်အာရုံကိုထိုစားပွဲကနေလွှဲမိတော့သည်။
"ဒီနေ့က ကျွန်တော်အလုပ်ထွက်မယ့်အကြောင်းကိုလာပြောတာပါ P'။"
"ဘာလို့လဲ။ ရုတ်တရက်ကြီး..."
"ကျွန်တော် ကျောင်းစာတွေအရမ်းများလာလို့ပါ။ စာလုပ်ဖို့အချိန်ပေးရမယ်လေ"
ကိုခိုင်မြဲသာက လေးပင်စွာခေါင်းငြိမ့်ရင်း ကျွန်တော့်ဆန္ဒကိုသဘောတူလိုက်ရသည်။
ကျွန်တော့်ကိုခွင့်လွှတ်ပါ။
နာကျင်ခြင်းတွေကို ထပ်ပွေ့ပိုက်ဖို့ ခွန်အားတွေပျောက်ဆုံးနေပြီမို့ပါ။
အကို့ကို ကျောခိုင်းဖို့အတွက် ဒီတစ်နည်းပဲရှိတာမို့ပါ။"Kim ရောက်နေတယ်...မင်းကိုရှာနေတယ်။ ဟိုးထောင့်ကစားပွဲမှာ...သူစောင့်နေတာ တော်တော်ကြာပြီ"
ကိုခိုင်ညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ ကောင်တာရှေ့မှာရပ်နေတဲ့ကျွန်တော်နဲ့ kim မျက်လုံးချင်းဆုံမိသည်။
Kim ကစားပွဲကနေထလာပြီး အကိုတို့ထိုင်နေတဲ့စားပွဲဘေးကနေဖြတ်လျှောက်လာသည်။
"khun wai ကို kim စောင့်နေတာနာရီဝက်လောက်ရှိပြီ"
ကျွန်တော့်ရှေ့မှာရပ်ရင်း ပြောတော့
YOU ARE READING
အရိပ်အယောင် အရိပ်အယောင်