part - 21

3.2K 281 27
                                    

"အကို...ကျွန်​​တော်​​ကျောင်းက ​ပေါင်းကူးအစီအစဉ်​ကို​လျှောက်​ထားတယ်​"

မနက်​စာစား​နေရင်းကမှ ​ပြောသင့်​မ​ပြောသင့်​ ​ဝေခွဲရခက်​​နေသည့်​အရာကို ဖွင့်​​ပြောမိသည်​။

"ဘယ်လို​အစီအစဉ်​လဲ ညီ"

"ဒီက IC ​ကျောင်းသား​တွေ New Zealand မှာ​ကျောင်းဆက်​တက်​ဖို့ scholar ​ပေးတာ"

အကို အံ့သြသွားဟန်​ရှိသည်​။ အကိုထားခဲ့တဲ့အတိုင်းကျန်​​နေခဲ့မယ်​ဆိုလို့ အကိုလိုအပ်​ချိန်​တိုင်း ​ပြေးခိုလို့ရမယ့်​ အရိပ်​အဖြစ်​​တော့ ကျွန်​​တော်​မ​နေဘူး​လေ။ ကျွန်​​တော်​ အကို့ကို လက်​ပြတယ်​ဆိုတာ နှုတ်​ဆက်​ဖို့အတွက်​ နိဒါန်းတည်​ခြင်းပါ။

"ဘယ်​​တော့လဲ...ညီ"

အကို့အသံသည်​ အနည်းငယ်​အက်​ကွဲ​နေသည်​။ နှုတ်​ခမ်းဖျား​တွေတုန်​ရီ​နေသည်​။

"​​ဒီစာ​မေးပွဲပြီးရင်​​ပေါ့..."

"စာ​မေးပွဲကဘယ်​​တော့လဲ"

"​နောက်​လ..."

ခေါင်းတဆတ်​ဆတ်​ငြိမ့်​ရင်း လက်​မခံချင်​ဘဲ လက်​ခံ​ပေးလိုက်​ရသည့်​ပုံမျိုး။ အကို ငြိမ်​သက်​သွားသည်​။

အကို ဘာများဆက်​​ပြောမလဲဟု အကို့ကို​ငေး​နေမိသည်​။ အတန်​ကြာ​အောင်​​တွေ​ဝေ​နေပြီးမှ အကိုစကားဆက်​သည်​။

"ကိုယ့်​အိပ်​မက်​က မှန်​​နေသားပဲ ညီ"

အက်​ကွဲ​နေတဲ့အကို့အသံကိုကြားရတာသည်​ ကျွန်​​တော့်​နှလုံးသားကို ​သွေးစိမ်းရှင်​ရှင်​ထွက်​​နေသလိုခံစားရ​စေသည်​။
သို့​ပေမယ့်​လည်း...

"လက်​​တွေ့မှာက အတူတူ​ကျောခိုင်းကြမှာ​လေ"

လေသံကိုအတတ်​နိုင်​ဆုံးတည်​ငြိမ်​​အောင်​​ပြောလိုက်​​တော့ အကိုက စဉ်းစားသွားဟန်​ရှိသည်​။
အ​ကြောင်းမဲ့ ​ကော်​ဖီခွက်​ကို​ငေးကြည့်​​နေ​တော့သည်​။

"ကျွန်​​တော့်​အတွက်​ ပတ်​ဝန်းကျင်​အသစ်​လိုအပ်​လာလိမ့်​မယ်​ဆိုတာ ကျွန်​​တော်​သိ​နေလို့ပါ"

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now