part - 25

3.3K 271 13
                                    

"ညီ...အိပ်​ပြီလား"

ကျွန်​​တော့်​ကို​ကျော​ပေးထား​သော ငြိမ်​သက်​​နေတဲ့ညီ့ခန္ဓာကိုယ်​က ဘာသံမှထွက်​မလာခဲ့။

"​နေမ​ကောင်းဘူးလားဟင်​"

ညီ့နဖူး​ပေါ်လက်​လှမ်းတင်​ရင်း​မေးမိသည်​။

ကျွန်​​တော့်​လက်​ကိုဖယ်​ရင်း ရင်​ခွင်​ထဲတိုးဝင်​လာ​သောညီ့ကို အလိုက်​သင့်​ပြန်​ဖက်​ထား​ပေးမိသည်​။
ညီ့ကိုယ်​​လေးက ကျွန်​​တော့်​တစ်​​ပွေ့စာ​လေးတင်​ရှိတာ...။
ညီ့ဆံပင်​​တွေထဲတိုး​ဝှေးနမ်းရှိုက်​မိ​တော့ သင်း​နေတဲ့ shampoo နံ့အပြင်​ ညီ့ရဲ့ကိုယ်​သင်းနံ့ကိုပါအဆစ်​ရလိုက်​သည်​။

ညီ့လက်​​တွေက ကျွန်​​တော့်​ခါး​ပေါ်မှာ တင်းကြပ်​စွာယှက်​တွယ်​လာ​တော့ ကြည်​နူးစိတ်​ထက်​ စိုးရိမ်​စိတ်​ကပိုကဲလာပြန်​သည်​။
ညီက ဘယ်​တုန်းကမှ ကျွန်​​တော့်​ရင်ခွင်​​ကို အားကိုးစရာအဖြစ်​ခိုဝင်​ခဲ့ဖူးတဲ့ က​လေးငယ်​မှမဟုတ်​တာ။

"ကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့အဖြစ်​က​လေ... အရမ်းကိုရယ်​စရာ​ကောင်း​နေတယ်​လို့ မထင်​ဘူးလားဟင်​"

မထိန်းနိုင်​ဘဲ ​ပေါက်​ကွဲထွက်​လာတဲ့စိတ်​ရဲ့တစ်​ပိုင်းတစ်​စသည်​ စကားလုံး​တွေအဖြစ်​ အကို့ဆီသို့​မေးခွန်းထုတ်​မိသည်​။ သို့တည်းမဟုတ်​ အပြစ်​တင်​မိသည်​လား​တောင်​ မ​ပြောတတ်​။ တကယ်​တမ်း​ပြောကြစတမ်းဆိုလျှင်​ မည်​သူကအပြစ်​ရှိပါသနည်း။

"ဘာ​တွေဖြစ်​​နေလဲ...ညီငယ်​"

ညီ့ရဲ့စိတ်​ကို မခန့်​မှန်းနိုင်​ရ​လောက်​​အောင်​ ကျွန်​​တော်​ညံ့သည်​။ ညီ့ကို ​ခြောက်​လှန့်​​နေတဲ့အ​တွေး​တွေကို တပ်​အပ်​မသိနိုင်​ရ​လောက်​​အောင်​ ကျွန်​​တော်​ ထုံအ သည်​။ ညီက​တော့ ကျွန်​​တော်​ ဘာဖြစ်​ဖြစ်​ အတတ်​သိ​နေ ပါရက်​နဲ့...ကျွန်​​တော်​က ထိုက​လေးငယ်​​လောက်​​ မချစ်​တတ်​ခဲ့သူဖြစ်​​နေသည်​။

"မုန်​တိုင်းလာမယ်​မှန်းသိရက်​နဲ့ အဲ့ဒီ့​ဒေသမှာ ဝါးအိမ်​က​လေးသွား​ဆောက်​​​နေကြတာမျိုး​လေ။ ကျွန်​​တော်​တို့အဖြစ်​နဲ့မဆင်​လွန်းဘူးလားဟင်​။ သိပ်​ကို တုံးအကြတာပဲ။"

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now