part - 9

3.4K 298 0
                                    

လိမ်​ညာခြင်း သို့ မ​မျှော်​လင့်​​သောအ​ခြေ​အ​နေ....။

ဒါကို ဘယ်​လို​ခေါင်းစဉ်​တပ်​သင့်​ပါသလဲ။
အကို့ရဲ့ ​ကျောခိုင်းခြင်းကို ​နောက်​ဆုံးလို့မထင်​ခဲ့ဖူးတဲ့ကျွန်​​တော်​က ​နောက်​နှစ်​ဆိုတာမျိုးနဲ့ ​မျှော်​လင့်​ချက်​​တွေချခင်းခဲ့ဖူးသည်​။

"​နောက်​နှစ်​ထပ်​လာဦးမှာလား"

"အင်း....လာဖြစ်​မယ်​ထင်​တယ်​"

ထိုစကား​ကြောင့်​ ​မျှော်​လင့်​ချက်​​တွေခိုင်​မာခဲ့ သည်​။

"ဘယ်​နှနာရီရှိပြီလဲ...ငယ်​"

နာရီပတ်​ထားတဲ့လက်​ကိုထိုး​ပေး​တော့ ကျွန်​​တော့်​လက်​မှာပတ်​ထားတဲ့ နာရီကိုကိုင်​ရင်း အာရုံစိုက်​ကြည့်​သည်​။

"၁၂ နာရီ​တောင်​ထိုး​တော့မယ်​။ ​နောက်​တလုံးကဘယ်​​ချိန်​မှလွှတ်​မှာလဲ။"

ရုံးက​ဆောက်​ထားသည့်​ မဏ္ဍပ်​​ဘေးက လက်​ဖက်​ရည်​ဆိုင်​မှာထိုင်​​နေကြသည်​ဖြစ်​ရာ အမိုးမရှိသည့်​အတွက်​ နှင်း​တွေက တစ်​စတစ်​စ စိုလာ​စေသည်​။
ကွင်းထဲကို ​မျှော်​တလင့်​လင့်​ဖြင့်​ ​နောက်​လွှတ်​မည့်​မီးကိုကြည့်​ရင်း ရင်​ခုန်​ရသည်​။

"မြင့်​သူ​ရေ...အ​နောက်​(အိမ်​သာ)သွားမို့။ လိုက်​ဦးမလား"

ကျွန်​​တော့်​အကိုက လှမ်း​မေး​တော့ မဆိုင်းမတွပင်​...

"မလိုက်​​တော့ဘူးအကို...နှ​မြောလို့"

"ဟင်​..."

ကြောင်​အသွား​သော ကျွန်​​တော့်​ကိုကြည့်​ရင်း အကိုရယ်​သည်​။ သူ့ရဲ့​နောက်​​ပြောင်​တဲ့စကား တွေက တစ်​ခါတ​လေ သိပ်​ဆန်းသည်​။

အဲ့ဒီ့ညက အကိုနဲ့စကား​တွေ​ပြောဖြစ်​ခဲ့ကြသည်​။ ထူးထူးခြားခြားပါပဲ။
ကော်​ဖီကြိုက်​တဲ့ ကျွန်​​တော်​တို့နှစ်​​ယောက်​လုံးက လက်​ဖက်​ရည်​ချိုချိုကို နှစ်​ခြိုက်​စွာ ​သောက်​ခဲ့ကြသည်​။

အကို့အပြုံး​တွေက ထူးခြားသည်​။ လှပသည်​။

အဲ့ဒီ့ညက လက်​ဖက်​ရည်​ဆိုင်​မှာဖွင့်​ထားတဲ့ သီချင်းက ထူးအိမ်​သင်​ရဲ့ ဂျက်​ဆင်​ထိပ်​က လရိပ်​ပြာ။

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now