အပိုင်း - ၁💚

70.6K 2.1K 287
                                    

မနက်ခင်း၏နေရောင်သည် စောင်ပုံထဲတွင်မြုပ်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသာ အကောင်ပိစိလေးဆီသို့ ကျရောက်နေသည်။ အကောင်ပိစိလေးထပ်အိပ်ချင်သေး၍မျက်နှာကိုလက်ဖြင့်အုပ်ကာ ပြန်အိပ်နေသည်။ ကြာလာတော့ မျက်နှာပူတက်လာသလို အကောင်ပိစိလေးရဲ့မျက်နှာလေးသည်လည်း စူပုပ်ပုပ်လေးဖြစ်လာခဲ့ပြီဖြစ်သည်။

"ဦးရေ ... ဦး ... ဦး ... ဦး ... ကလေးမျက်နှာကို နေကြီးကထိုးနေတယ် လာဖယ်ပေးပါလို့ ... ကလေးအိပ်ချင်သေးတယ်"

သူလှမ်းအော်လိုက်သည်ကို ဘာအသံမှပြန်မလာလို့ ဟိုဘက်ကိုနားလေးစွင့်လိုက် ဒီဘက်ကိုနားလေးစွင့်လိုက်နဲ့ နားထောင်နေသည်။ အကောင်ပိစိလေး ပိုပြီးစူပုပ်ပုပ်လေးဖြစ်လာသည်။ အကောင်ပိစိလေး ဇွဲမလျော့သေးဘဲ နောက်တစ်ကြိမ်ထပ်၍အော်ခေါ်ပြန်သည်။

"ဦးရေလို့ ... ဦးရေ ... ကလေးမျက်နှာကိုနေလုံးကြီးကထိုးနေပါတယ်ဆို ... လာဖယ်ပေးပါလို့"

အသံကိုအဆုံးထိတင်ပြီးအော်ခေါ်သော်လည်း ဘယ်သူမှဘာမှပြန်မပြောလာတဲ့အတွက် အကောင်ပိစိလေးဆက်ခနဲငုတ်တုပ်လေးထထိုင်လာသည်။ ဦး မရှိလေသလား။ အလုပ်ကိုအစောကြီးထွက်သွားလေသလား။ စောင်ပုံထဲကအတင်းရုန်းထွက်ပြီး Sticthအရုပ်ကလေးပိုက်ကာ လှေကားကနေဟိုကြည့်ဒီကြည့်နဲ့ဆင်းလာသည်။ ဦးကသူ့ကိုထားသွားပြီလား။ အတွေးတွေနဲ့ မျက်ရည်ကြည်တွေလည်းဝဲခိုပြီး အရုပ်ကလေးပိုက်ကာ တဖြည်းဖြည်းဆင်းလာသည်။ အောက်ထပ်ကဦးရဲ့အခန်းထဲကိုအကောင်ပိစိလေးကဝင်ကြည့်ပါသည်။ ဦးမရှိပါ။ အိမ်ရှေ့တံခါးကိုဆွဲဖွင့်လိုက်ပြီး ခြံထဲကိုကြည့်လိုက်တော့ ခေါင်းကုတ်လိုက် လည်ပင်းပွတ်လိုက်နဲ့ ဖုန်းပြောနေသူတစ်ယောက်ကိုအကောင်ပိစိတွေ့လိုက်သည်။ ဦးရဲ့အတွင်းရေးမှူးပဲ ဦးကဘယ်ရောက်သွားတာလဲ။

"ဦးရေ ဦးရေလို့ ... ကလေးခေါ်နေတယ်လေ ... ဘယ်ရောက်နေတာလဲ"

အိမ်ထဲကအသံပြဲပြဲလေးကြောင့် "စေလိုရာ" ခြံအပြင်ကနေပြေးဝင်လာသည်။ အသံလေးကငိုသံလေးနည်းနည်းရောယှက်နေလို့ စေလိုရာ အမြန်ပြေးလာလိုက်သည်။

သခင့်​စေလိုရာWhere stories live. Discover now