Episode - 27💛

11.9K 694 36
                                    

အ​ပေါ်ကကိုယူနီ ​အောက်ကကို​ဇော်ဂျီ

အပေါ်ကကိုယူနီ အောက်ကကိုဇောဂျီ

"သားသား​ရေ ပါပါးကိုကြည့်ပါဦး"

ဦးတို့က​တော့သားတစ်​ယောက်နဲ့အလုပ်ရှုပ်​နေ​လေသည်  ။  ဂျူနီယာ
​လေးကလည်းသူ့ပါပါးနားဆိုအရမ်းကပ်သည်  ။  မနက်အလုပ်သွားခါနီးဆိုပါပါးဆီကမခွာလို့အတင်း​ချော့​​မော့ပြီး​ခေါ်ရသည်  ။  သူ့ပါပါး
အလုပ်သွားပြီဆိုငိုပြီးကျန်ခဲ့ရတာအမြဲ  ။  မနက်အလုပ်သွားခါနီး
မနက်စာစားချိန်ဆို  သူ့ပါပါးဆီမှာပဲအမြဲ​နေတယ်  ။  ပါပါးကအမြဲ
တမ်းဂျူနီယာ​လေးကိုဖြည့်စွက်စာ​​ကျွေးတယ်  ။  မနက်ဆိုပါပါးက
အလုပ်သွား ၊ ​ဖေ​ဖေက​ကျောင်းသွား​တော့  ဂျူနီယာ​လေးကဖွားဖွား
နဲ့ကျန်ခဲ့ရတာ​ပေါ့  ။  အချိန်​တွေကအကုန်မြန်လိုက်တာဂျူနီယာ
​​လေး​တောင်တစ်နှစ်ပြည့်​​တော့မယ်  ။  ဒီ​ရေဟိန်း​ကြောင့်ပြဿနာ
အကြီးအကျယ်ဖြစ်ခဲ့ရပြီးပြီ  ။  အဲ့အချိန်တုန်းကပူတူးနဲ့​စေလိုရာ
အတွက်​တော့ငရဲကျ​နေသလိုဖြစ်ခဲ့ရသည်  ။

"သားကိုပြန်​ပေးပါ ၊ အကိုဟိန်းလိုချင်တာမှန်သမျှအကုန်​ပေးပါ့မယ် ၊ သားကိုပြန်​ပေးပါ​နော် ၊ သားကိုဘယ်ပို့လိုက်တာလဲဟင် ၊ ကျွန်​တော်
​တောင်းပန်ပါတယ်ဗျာ ​ပြောပြ​ပေးပါ"

ထို​နေ့ကလင်းရတနာအိမ်သို့​ရောက်လာသည်  ။  ​မေဆူးခက်နဲ့ဂျူနီယာ​လေးနှစ်​ယောက်တည်းသာအိမ်တွင်ရှိ​နေသည်  ။  ​မေဆူးခက်က
စားစရာတစ်ခုခုသွားလုပ်​နေတုန်း  လင်းရတနာကဂျူနီယာ​လေးကို
​ခေါ်ပြီးအိမ်ထဲကထွက်လာသည်  ။  ထို့​နောက်ဂျူနီယာ​လေးသတင်း
ဘာအစအနမှမကြားရ  ။  လင်းရတနာ​ခေါ်သွားသည်ဆိုတာသိ​တော့
တရားခံကဒီ​ရေဟိန်းဆိုတာသိလိုက်ရသည်  ။  ဒီ​ရေဟိန်း​နေထိုင်
သည့်တိုက်ခန်းသို့လိုက်လာကြသည်  ။ 

"အကိုဟိန်းရယ် ကျွန်​တော်​တောင်းပန်ပါတယ် ၊ သား​လေးကိုဘယ်
ကိုပို့လိုက်တာလဲ​ပြောပြ​ပေးပါ အကိုဟိန်းလိုချင်တာအကုန်​ပေးပါ့
မယ်"

"ငါလိုချင်တာ​စေလို​ရာ​လေ မင်း​ပေးနိုင်လို့လား"

"ဒီ​ရေဟိန်း မင်းအရမ်းကိုတရားလွန်​နေပြီ​နော် ၊ ငါ့သားဘယ်မှာလဲ ၊ မင်းလည်းက​လေးအ​ဖေတစ်​ယောက်ဖြစ်​တော့မယ့်လူပဲ မင်းမှာကိုယ်
ချင်းစာစိတ်မရှိဘူးလား ၊ မင်းလူ​ရောဟုတ်ရဲ့လား"

သခင့်​စေလိုရာWhere stories live. Discover now