အပိုင်း - ၁၂💚

11.2K 819 31
                                    

အိမ်ကြီးတစ်အိမ်လုံး တိတ်ဆိတ်လို့နေသည်။ ဆိုဖာပေါ်တွင် ဦးမင်းပိုင်စေနှင့်ဒေါ်ဆူးခက်မေတို့ထိုင်နေကြသည်။ စေလိုရာက‌တော့ သူတို့နှစ်ယောက်အရှေ့တွင်ဒူးထောက်နေသည်။ အကောင်ပိစိလေးကလည်း စေလိုရာဘေးတွင်ဒူးထောက်ထိုင်ချလိုက်သည်။

"အိပ်ပြီးလည်းဘာဖြစ်လဲ ယောကျာ်းလေးပဲကိစ္စမရှိဘူး ... ဘယ်သူမှလည်းသိမှာမဟုတ်ဘူး"

"သားအကုန်လိုက်ပြောပစ်မှာ ... ဒယ်ဒီ မိန်းမပေးစားလည်း အဲ့ကောင်မလေးကိုသားအကုန်ပြောပြပစ်မှာ"

"သခင် မင်းတော်တော်ပြောရဲနေတယ်ပေါ့ ... မင်းယောကျာ်းတစ်ယောက်နဲ့တွဲနေတာတောင် တော်တော်ရှက်ဖို့ကောင်းနေပြီ မင်းနားလည်လား"

"သားမရှက်ပါဘူး ... သားကဦးကိုချစ်တာလေ ဘာလို့ရှက်ရမှာလဲ ... ဦးကဘာဖြစ်နေလို့သားကရှက်ရမှာလဲ"

"သခင် ... စေလိုရာ မင်းငါ့သားကိုဘယ်လိုသိမ်းသွင်းထားတာလဲ ပိုက်ဆံနဲ့လား ... ငါ့သားကိုငါအကုန်ဖြည့်ဆည်းပေးနိုင်တယ်ကွ"

"ဒယ်ဒီ ဦးကိုအဲ့လိုမပြောပါနဲ့ ... ဦးကသားကိုတကယ်ချစ်တဲ့လူတစ်ယောက်ပါ ... သားကိုပျော်အောင်အမြဲထားတယ် ... ဦးကလူကြီးလူကောင်းတစ်ယောက်ပါ"

"ကလေး အရမ်းပြန်မပြောပါနဲ့ ... ကလေးရဲ့အဖေလေ ငရဲကြီးမယ်ကလေးရဲ့"

နှစ်ကိုယ်ကြားတီးတိုးပြောနေစဥ် မင်းပိုင်‌စေကသခင့်ကိုဆွဲခေါ်လိုက်သည်။ ပုခုံးနှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သခင့်ကိုမေးသည်။

"ရွေး ... မင်းရွေးချယ်လိုက် ... အဖေလား ဒီကောင်လား"

သခင် နှုတ်ဆိတ်သွားသည်။ ဒယ်ဒီ သူ့ကိုအခုလိုရွေးချယ်ခိုင်းမည်လို့ သခင်,မထင်ထားမိပါ။ သူ ဘယ်လိုနည်းနဲ့ရွေးချယ်ရမည်နည်း။ ဒယ်ဒီကလည်း သူချစ်ရတဲ့ဖခင်။ စေလိုရာကလည်း သူတစ်ထောင့်ငါးရာအချစ်နဲ့ချစ်ရသည့်လူ။ စေလိုရာကလည်း သူ့ကိုရွေးချယ်ဖို့ဆုတောင်းနေမိသည်။ စေလိုရာ ဒီအချိန်မှာတစ်ကိုယ်ကောင်းဆန်နေမိသည်။

*ကျေးဇူးပြုပြီး ကိုယ့်ကိုရွေးချယ်ပေးပါ*

"ဒယ်ဒီ သားဘဝမှာလေယောကျာ်းလေးတစ်ယောက်ကိုဒီလောက်ချစ်မိမယ်လို့ သားမထင်ခဲ့မိဘူး ... သားတောင်းပန်ပါတယ်ဒယ်ဒီ ... သား ဦးကိုပဲရွေးတယ် ... သားဘဝမှာ ပထမဦးဆုံးနဲ့နောက်ဆုံးချစ်ရတဲ့သူမို့လို့ပါ"

သခင့်​စေလိုရာWhere stories live. Discover now