အပိုင်း - ၈💚

12K 830 43
                                    

သူငယ်ချင်းယောက္ခမကြီးတွေလည်းပြန်‌တော့မည်ဖြစ်တာမို့ စေလိုရာစိတ်ထဲပေါ့ပါး‌လို့နေသည်။ ရုံးခန်းထဲတွင် တက်တက်ကြွကြွအလုပ်လုပ်နေစဉ် တံခါးခေါက်သံနဲ့အတူ ရန်နိုင်ဝင်လာသည်။

"ဘော့စ် သူငယ်ချင်းရောက်နေပါတယ် ... မင်းပိုင်စေလို့ပြောပါတယ်"

"ဪ အေး ... ဝင်ခိုင်းလိုက်လေ"

စေလိုရာ လုပ်လက်စစာရင်းတွေကိုခဏရပ်ထားလိုက်ပြီးဆိုဖာမှာထိုင်စောင့်နေလိုက်သည်။ မင်းပိုင်စေအခန်းထဲသို့ဝင်လာသည်။

"ထိုင် ... မင်းကဘာကိစ္စရှိလို့လဲ"

"ငါတို့ပြန်တော့မယ်ဆိုတော့ မင်းပျော်နေပြီလား"

"ဟမ်"

"သားနဲ့ဘယ်အဆင့်ထိရောက်နေပြီလဲ"

မင်းပိုင်စေ သိများသိနေပြီလား။ မဟုတ်သေး အခုလိုမေးခွန်းမေးလာကတည်းက သူသိနေပြီးသားမို့ဖြစ်မည်။ အခုလိုရုတ်တရက်ကြီးအမေးခံလိုက်ရသည်မို့ စေလိုရာထိတ်လန့်သွားရသည်။

"ငါ ..."

"သိပ်တော့ထွေထွေထူးထူးပြောစရာမရှိပါဘူး ... ငါ့သားကိုပြန်ခေါ်သွားမှာ ... အခုကပညာရေးတစ်ဝက်ဖြစ်နေလို့ ထားခဲ့ရဦးမယ် ... မိဘတွေနဲ့ဝေးတော့ သူ့ကိုဂရုစိုက်ပေးတဲ့သူအပေါ်စိတ်ယိုင်တတ်တာသဘာဝပါပဲ ... ငါ့သားကိုငါတို့ထိန်းနိုင်တယ် မင်းစိတ်ကိုမင်းထိန်း ... အခုမှအညွန့်တလူလူနဲ့တက်နေတဲ့ငါ့သားဘဝကို မင်းဖျက်ဆီးမလို့လား ... မင်းကိုအဲ့လိုလူမျိုးလို့မထင်ထားခဲ့မိဘူး ... မင်းကငါ့သားဘဝကိုဖျက်ဆီးနေတဲ့အကောင်ပဲ"

"နေပါဦး ပိုင်စေရယ် ... ငါတောင်းပန်ပါတယ်ကွာ"

မင်းပိုင်စေအရှေ့တွင် စေလိုရာဒူးထောက်လိုက်သည်။ သူကိုယ်တိုင်တောင်မသိလိုက်ဘဲဒူးထောက်လိုက်သည်။ မင်းပိုင်စေလည်း စေလိုရာ၏လုပ်ရပ်ကိုအံ့အားသင့်သွားမိသည်။

"မင်းဘာလုပ်တာလဲ"

"ငါဒီလိုတောင်းပန်ပါတယ်ကွာ ... ငါ့ဘဝမှာလေ ကလေးကိုအချစ်ဆုံးပါ ... မိဘတွေမရှိတော့တဲ့နောက်ပိုင်း ကလေးကငါ့ဘဝဖြစ်နေပြီ ... ငါကလေးကိုအရမ်းချစ်တယ် ... ငါကလေးနဲ့လမ်းမခွဲနိုင်ဘူး"

သခင့်​စေလိုရာWhere stories live. Discover now