Episode -23💛

11.2K 696 25
                                    

အခန်းထဲတွင်ပြန့်ကျဲနေသောပစ္စည်းများ  ။  မှန်ကွဲစများကနေရာ
အနှံ့  ။  လက်ထဲတွင်လည်းစက္ကူအချို့ကိုလုံးချေထားလျက်  ။
လင်းရတနာဖုံးကွယ်ထားသည့်ကိစ္စကကြာရှည်မခံဘဲပေါ်ပေါက်
လာတော့သူမဒေါသကငယ်ထိပ်အထိ  ။ 

"မင်းကနောက်ကျသွားတာကို ၊ စေလိုရာဆိုတဲ့လူကိုတွေ့က
တည်းကမင်းကဖမ်းဆုပ်ရမှာ ၊ မင်းလိုချောမောလှတဲ့မိန်းမကိုသူ
အရင်တွေ့ကြည့် မင်းကိုပဲတမ်းတမ်းစွဲဖြစ်နေမှာ"

"ရှင်အဲ့လိုမပြောနဲ့ ၊ ကျွန်မအသုံးမကျတာမဟုတ်ဘူး ၊ အဲ့ကောင်လေးကိုကမြှူဆွယ်ထားတာ ၊ အဲ့ကောင်လေးမရှိတော့
ရင်သိပ်ကောင်းမှာပဲ"

"မင်းမှာပိုက်ဆံရှိနေတာပဲ ၊ ပိုက်ဆံရှိနေရင်မင်းလိုချင်တာမှန်သမျှ
အကုန်ရနေတာပဲ မဟုတ်ဘူးလား ၊ ငါမင်းကိုဒီပုံစံဖြစ်အောင်ပျိုး
ထောင်ပေးထားတာအလကားမှမဟုတ်တာ ၊ မင်းရှုံးရင်တော့
မင်းရရှိမယ့်ရလဒ်ကိုမင်းသိတယ်မလား"

သူရဲ့စကားကြောင့်လင်းရတနာ၏မျက်နှားလေးကညှိုးငယ်လျက်  ။  ထွက်သွားတော့မယ့်လူရဲ့လက်ကိုဆွဲထားရင်းမော့ကြည့်နေမိ
သည်  ။

"မင်းနိုင်ရင်တော့မင်းအတွက်ရလဒ်ကကောင်းလိမ့်မယ်"

သူမဆွဲထားတဲ့လက်ကိုဖြုတ်ချပစ်လိုက်ပြီးသူမအခန်းထဲမှထွက်
သွားလေသည်  ။  သူမရေချိုးခန်းထဲဝင်ပြီးရေပန်းဖွင့်ချကာ
ရေပန်းအောက်ဝင်ထိုင်နေလိုက်သည်  ။

"ဦး မာမီ့သူငယ်ချင်းတွေအားလုံးကလေ ဝတုတ်ပြီးဗိုက်ပူပူကြီး
တွေဖြစ်နေတယ် ၊ ဦးကျတော့ဘာလို့အဲ့လိုမဖြစ်တာလဲ ၊ ကောင်
မလေးတွေကြွေအောင်တမင်လုပ်ထားတာမလား"

အမောင်ဗိုက်ပြောတာဟုတ်တော့လည်းဟုတ်သား  ။  မေဆူးခက်
ရဲ့သူငယ်ချင်းတွေအားလုံးကအမောင်ဗိုက်ပြောတဲ့ပုံစံတွေချည်းပဲ  ။  အခုလောလောဆယ်အရစ်ကလေးကိုအရင်ရှင်းပြရမယ်  ။

"ကလေးရယ် ကိုယ်ကထိန်းထားရမှာပေါ့ ၊ ကိုယ့်ပုံစံကိုကလေး
စဉ်းစားကြည့်လိုက်လေ ၊ ကလေးကြိုက်လားအဲ့လိုပုံစံကြီး"

"စဉ်းစားကြည့်တော့လည်းရယ်စရာကြီး ၊ ဦးဘယ်လိုဖြစ်နေဖြစ်
နေသဘောကျပေမဲ့  အဲ့လိုကြီးတွေးကြည့်လိုက်တော့ရယ်ချင်စရာ
ကြီး ဟီးဟီး မကောင်းဘူး မကောင်းဘူး"

သခင့်​စေလိုရာOnde as histórias ganham vida. Descobre agora