အပိုင်း - ၄💚

16.9K 1K 47
                                    

ဤနေ့ အကောင်ပိစိကကားမောင်းသင်ချင်ပါသည်ဆိုသည့်အတွက် စေလိုရာမိုးလင်းအစေကြီးလိုက်သင်ပေးခြင်း
ဖြစ်သည်။ ကားမောင်းတာ အရင်ကအကောင်ပိစိဒယ်ဒီသင်ပေးထားလို့နည်းနည်းတော့မောင်းတတ်သည်။ သို့ပေမဲ့အရမ်းကြာခဲ့ပြီဆိုတော့ အခုမေ့တေ့တေ့လေးဖြစ်နေသည်။ အကောင်ပိစိခပ်တည်တည်နဲ့ကားပေါ်တက်ထိုင်လိုက်သည်။ ကားကိုစက်နှိုးလိုက်သည်။ ခါးပတ်ပတ်လိုက်သည်။ သေချာစနစ်တကျခါးမတ်မတ်ထိုင်ပြီးမှ စေလိုရာ့ဘက်သို့လှည့်ကြည့်လာသည်။

"ဦး ကလေးဘာဆက်လုပ်ရမှာလဲ"

ခပ်တည်တည်နဲ့သူပဲသေချာမောင်းတော့မည်လို့ထင်လိုက်ပေမဲ့လည်း ဘာဆက်လုပ်ရမှာလဲလို့မေးလာတော့ စေလိုရာရယ်မိသည်။ စေလိုရာရယ်တော့ အကောင်ပိစိကနှုတ်ခမ်းစူလာပါတော့သည်။

"ကလေးမှမသိတာ ... ဦးကသင်ပေးလေ ... အဲ့တာရယ်စရာပါလို့လား"

"အင်းပါ"

ကားကအော်တိုဆိုတော့ သိပ်တော့ခက်ခက်ခဲခဲကြီးသင်စရာမလိုပါ။ အကွေ့တွေ နောက်ဆုတ်တာတွေ မှန်ကြည့်တာတွေလောက်သေချာသင်ပေးရသည်။ လီဗာနဲ့ဘရိတ်ကိုသေချာပြောပြပေးထားသည်။ အကောင်ပိစိစမောင်းပါတော့မည်။

"ကားကရွေ့လည်းမရွေ့ဘူး ... ဦးကားကြီးကအစုတ်ကြီးဖြစ်နေပြီထင်တယ်"

"မဟုတ်တာကလေးရယ် ... ကလေးနင်းထားတာဘရိတ်ကြီးလေ"

"ဪ ဟုတ်သား ... ဟီးဟီး ဆောရီးနော် ... ကလေးကအခုမှစသင်တာဆိုတော့ မသိလို့"

ဘရိတ်နင်းထားတာကိုလွှတ်လိုက်ပြီး လီဗာကိုဖြေးဖြေးလေးနင်းလိုက်သည်။ ဘေးနားကစက်ဘီးစီးတဲ့သူတွေနဲ့လမ်းလျှောက်တဲ့သူတွေက ကားထဲကိုကြည့်သွားကြသည်။ မှန်ကအနက်မို့လို့ အထဲကိုမမြင်ရလို့ အကောင်ပိစိသက်ပြင်းချနိုင်တော့သည်။ စေလိုရာလည်းဘေးနားကထိုင်လိုက်ပြီးအိပ်ပျော်တော့မည်။

"ကလေး အရှိန်နည်းနည်းလေးတင်ပါလား ... နှေးနေသေးတယ်"

"ဦးကလည်း ကလေးကအခုမှစမောင်းတာလေ ... သူများတွေကိုတိုက်မိကုန်မှာစိုးလို့ပါ"

"ရပါတယ်ကလေးရဲ့ ... နည်းနည်းလေးတင်လိုက် ... တစ်ခုခုဆို ဦးဆွဲထိန်းလို့ရတယ် ... ဘာမှမဖြစ်ဘူး လီဗာနည်းနည်းလေးနင်းလိုက်"

သခင့်​စေလိုရာWhere stories live. Discover now