အကောင်ပိစိလေးဆေးရုံတင်လိုက်ရတယ်ဆိုလို့စေလိုတစ်
ယောက်အပြေးအလွှားဆေးရုံသို့ရောက်လာသည် ။ ဆေးရုံ
ကုတင်ပေါ်တွင်သိုးနေအောင်အိပ်ပျော်နေသောအကောင်ပိစိအနား
ကိုပြေးသွားလိုက်သည် ။"ဘယ်လိုဖြစ်ရတာလဲ ၊ ဒါကဘယ်လိုဖြစ်တာလဲ ၊ မင်းဘာလုပ်
လိုက်တာလဲ ၊ မင်းကဘာလို့ဒီမှာရှိနေရတာလဲ"ဘေးနားတွင်Maskအနက်ရောင်တပ်ထားသည့်လင်းရတနာကို
သေချာစိုက်ကြည့်ကာဒေါသတကြီးဖြင့်မေးလေတော့သည် ။
လင်းရတနာလည်းလန့်သွားပြီးတုန်လှုပ်သွားသည် ။"လင်းဘာမှမလုပ်ပါဘူး ၊ လင်းကအလှူဖိတ်စာလေးလာပေးရုံပါ ၊ လင်းပြန်မယ်လုပ်တော့အိမ်ရှေ့မှာလဲကျသွားလို့ပါ ၊ လင်းဘာမှမ
လုပ်ပါဘူး""ဆရာဝန် ဆရာဝန်ဘယ်မှာလဲ ၊ ဆရာဝန်ကဘာပြောလဲ"
"အိပ်ရေးတွေပျက်ထားလို့တဲ့ အဲ့လိုပြောတယ် ၊ အားဆေးသွင်း
ပေးထားတယ်တဲ့ အဲ့ပုလင်းကုန်မှဆေးရုံကဆင်းပါတဲ့""အိပ်ရေးပျက်ရအောင်ညဘက်မအိပ်ဘဲဘာလုပ်နေတာလဲ"
"အဲ့တာတော့လင်းလည်းမသိဘူး"
"မင်းကိုလည်းမမေးပါဘူး ၊ ငါ့ဘာသာငါပြောတာ ၊ ဘာပဲဖြစ်ဖြစ်
ကျေးဇူးတင်ပါတယ် ၊ မင်းလည်းဒီမှာရှိနေရတာအနေခက်လှ ရောပေါ့ ၊ မင်းပြန်လို့ရပါပြီ""ဒါဆိုလင်းပြန်ပြီနော်"
လင်းရတနာကဆေးရုံအပြင်ဘက်သို့ထွက်လိုက်ပြီးသူမကားရပ်
ထားရာနေရာသို့လျှောက်သွားသည် ။ ကားပေါ်တက်ထိုင်လိုက်
ကာသူမ၏အိတ်ကိုဖွင့်လိုက်သည် ။ အိတ်ထဲမှတစ်စုံတစ်ခုကို
ထုတ်ကြည့်လိုက်ပြီးအောင်နိုင်သူအပြုံးပြုံးလိုက်သည် ။
ကုတင်ပေါ်ကအကောင်ပိစိလေးနိုးလာပြီးငုတ်တုပ်ထထိုင်လေ
သည် ။"ပူတူးရယ် ဘယ်လိုဖြစ်ရတာလဲ ၊ ကိုယ့်မှာလန့်သွားတာပဲ"
"ဟီးဟီး ကလေးလည်းမသိဘူး ၊ အခုမှပဲခေါင်းကြည်သွားတော့
တယ်""ရယ်နိုင်သေးတယ် ၊ ညဘက်မအိပ်ဘဲဘာတွေလုပ်နေလဲ ၊ ဆရာဝန်ကအိပ်ရေးတွေပျက်လို့ဖြစ်တာတဲ့"
YOU ARE READING
သခင့်စေလိုရာ
Romanceစေလိုရာ 💚 သခင် (အရာအားလုံးကိုအချိန်တွေကကုစားသွားမှာပါလို့ပြောပေမဲ့ သူ့အတွက်တော့ ကလေးငယ်နှင့်ပတ်သက်သည့်အရာအားလုံးကို မည်သည့်အချိန်ကမှမကုစားနိုင်ပါ) Male Pregnant👶 ဇာတ်လမ်းအဖြစ်အပျက်၊ နေရာ၊ ဇာတ်ကောင်များအားလုံးသည် ဝင့်လွှာ၏စိတ်ကူးယဉ်မျှသာဖြစ်သည်။ ဝင...