အပိုင်း - ၉💚

11.7K 846 27
                                    

အခုရက်ပိုင်း ညလယ်ရောက်လာရင် အကောင်ပိစိလေးအရုပ်လေးပိုက်ပြီး စေလိုရာရဲ့အခန်းထဲသို့ဝင်ဝင်လာတတ်သည်။

"ဦးနဲ့အိပ်မလို့"

အမြဲတမ်းအိပ်ချင်မူးတူးလေးနဲ့အရုပ်လေးကိုပိုက်ပြီး စောင်ထဲဝင်ကာ စေလိုရာ့ကိုဖက်ပြီးအိပ်တတ်သည်။ ဒါမျိုးချစ်စရာအပြုအမူတွေကြောင့် စေလိုရာ့မှာအကောင်ပိစိလေးကိုတစ်နေ့တစ်ခြားငုံထားချင်စိတ်တွေပေါ်ပေါက်နေသည်။ အရင်ထက်ပိုသည့်အချစ်တွေဖြစ်တည်လာပေမဲ့ သခင်လေးရဲ့ဖခင်ပြောထားသည့်အကြောင်းများက သူ့ခေါင်းထဲကထုတ်မရနိုင်ဖြစ်နေရသည်။ သခင်လေးကိုခေါ်သွားသည့်တစ်နေ့ သူဘာလုပ်ရမည်နည်း။ ကားတင်ပြေးလိုက်ရမလား။ ချက်ချင်းပဲ လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပစ်လိုက်ရမလား။ သို့ပေမဲ့လည်း သခင်လေးအတွက်ဆိုရင် စေလိုရာအကောင်းဆုံးများကိုသာလုပ်ပေးချင်သည်။ သူဘယ်လိုဆက်လုပ်ရမည်ဆိုတာ သူ,မတွေးတတ်တော့ပါ။

"ဘော့စ် ကျွန်တော်တစ်ခုလောက်မေးချင်တယ်"

စေလိုရာရန်နိုင်နဲ့အတူ အလုပ်ကိစ္စနဲ့အပြင်သွားရင်းကော်ဖီဆိုင်လေးတစ်ဆိုင်ဝင်ထိုင်ကာ ကော်ဖီသောက်နေရင်းမေးလာသည်။

"အင်း မေးလေ"

"သခင်လေးနဲ့အတူနေပြီးပြီလား"

"အေး နေတယ်လေ ... ဘာတွေလာမေးနေတာလဲ ... မင်းလည်းမြင်နေတာပဲကို"

"မဟုတ်ဘူးလေဗျာ ... ကျွန်တော်ပြောချင်တာကမီးပန်းဖောက်သလိုမျိုးလေ ... ဟဲဟဲ ဖောင်းဒိုင်းတို့ အုန်းဒိုင်းတို့"

"ဘာတွေအဲ့လောက်တောင်စိတ်ဝင်စားနေရတာလဲ ... ကလေးကငယ်ငယ်လေးရှိသေးတယ်"

"ကျွန်တော်မေးတာလွန်သွားရင် တောင်းပန်ပါတယ်"

"ရပါတယ် ... မင်းကငါ့ရဲ့ညီတစ်ယောက်လိုလူပါကွာ"

"ဟုတ်ကဲ့ ... ဒါပြီးရင် ရှိုးပွဲအတွက်သွားကြည့်မှာမလား"

"အေး သွားကြမယ် ... နေ့လယ်ကျရင် ကလေးကိုသွားကြိုရဦးမယ်"

ရန်နိုင်နဲ့အတူကော်ဖီသောက်ပြီးရှိုးပွဲအတွက်ပြင်ဆင်နေတာ
တွေကိုလိုက်စစ်ရသည်။ မန်နေဂျာနဲ့စကားပြောနေစဥ်အကောင်ပိစိလေးဆီမှဖုန်းဝင်လာသည်။ နာမည်‌လေးက"VVIP❤"လို့ပေါ်လာသည်နှင့် ချက်ချင်းကိုင်လိုက်သည်။

သခင့်​စေလိုရာWhere stories live. Discover now