Episode -20💛

11.9K 747 14
                                    

အုန်းနို့ခေါက်ဆွဲတစ်ပွဲကိုသည်းခံပြီးစားလာတဲ့အကောင်ပိစိလေး
သည်အီလွန်းလို့မခံမရပ်နိုင်ဖြစ်လာသည် ။

"မရတော့ဘူး ၊ ကားရပ်ပေး ၊ အန်ချင်နေပြီ"

စေလိုရာကကားကိုချက်ချင်းလမ်းဘေးထိုးရပ်ပေးလိုက်တော့
ပေါ်ကချက်ချင်းပြေးဆင်းကာအန်ချပစ်လိုက်သည် ။

"ကလေးဘယ်လိုဖြစ်တာလဲ ၊ တစ်ပွဲတောင်ကုန်ခဲ့တာမှမဟုတ်တာ ၊ နေမကောင်းဘူးလား ၊ ဖျားနေတာလား"

နဖူးကိုစမ်းကြည့်တော့လည်းအဖျားလည်းမရှိ ။

"အဲ့တာကြောင့်ပြောတာပေါ့ မစားချင်ပါဘူးဆို"

"လီမွန်တီးလေးပဲဖြစ်ဖြစ်သောက်လိုက်နော် ၊ ညနေကျရင်ဆေး
ခန်းသွားပြရအောင် ၊ မာမီတို့လာရင်ပိုစိတ်ပူသွားမယ်"

"ဟုတ်"

ဆိုင်တစ်ဆိုင်မှာလီမွန်တီးလေးဝယ်တိုက်လိုက်တော့နည်းနည်း
သက်သာသွားသည် ။ ကားပြတင်းပေါက်မှန်လေးကိုခေါင်းမှီပြီး
ငြိမ်ငြိမ်လေးလိုက်လာသည် ။ အုန်းနို့ခေါက်ဆွဲကြောင့်ခေါင်းက
လည်းတရိပ်ရိပ်နဲ့မူးနေပြန်သည် ။ စေလိုရာစိတ်ပူမှာစိုးလို့မပြော
ဘဲငြိမ်ငြိမ်လေးလိုက်လာသည် ။

"ကလေး အဆင်ပြေလား"

"အင်း ပြေပါတယ် ၊ ကလေးနားတော့မယ်နော် ၊ ဦးလည်းနား
တော့"

လှေကားလက်ယန်းတွေကိုသေချာကိုင်ပြီးဖြေးဖြေးချင်းတက်
သွားသည် ။ အဝတ်အစားတွေလဲပြီးကုတင်ပေါ်တွင်ခဏလေး
မှေးနေလိုက်သည် ။

"ကလေး !"

စေလိုရာစိတ်ပူလို့လာကြည့်တော့အကောင်ပိစိလေးကအိပ်ပျော်
နေသည် ။ အကောင်ပိစိလေးဘေးမှာတိတ်တိတ်လေးဝင်လှပြီး
အကောင်ပိစိလေးရဲ့မျက်နှာကိုတစိမ့်စိမ့်ကြည့်နေသည် ။
အကောင်ပိစိလေးကိုနဲ့ဖြတ်သန်းခဲ့တဲ့အရင်ကအချိန်တွေကိုသူပြန်
တွေးနေမိသည် ။ အကောင်ပိစိလေးကိုဖွင့်ပြောဖြစ်ပုံကဒီလို ။

"ဦး ကျွန်တော်ဒီနေ့သူငယ်ချင်းတွေနဲ့ပါတီရှိလို့နောက်ကျမယ်"

"ဘယ်ကပါတီလဲ ၊ ဘယ်မှာလုပ်မှာလဲ"

"ကျွန်တော့်သူငယ်ချင်းစစ်ဟိန်းအိမ်မှာ သူ့မွေးနေ့ပွဲတဲ့"

သခင့်​စေလိုရာWhere stories live. Discover now