Episode - 25💛

12.3K 772 23
                                    

"ညီမကိုကူညီပါဦးကိုစေရယ်"

နွမ်းလျနေသည့်မျက်နှာလေးဖြင့်ရုံးခန်းထဲကိုဝင်လာသည့်လင်းရတနာ ။ မျက်လုံးလေးတွေထဲမှာလည်းမျက်ရည်တွေဝိုင်းနေသလို
လို ။ အမောင်ဗိုက်ကလေးတောင်လင်းရတနာကိုကြည့်ပြီးမျက်
ရည်တွေဝဲလာမိတယ် ။

"အရင်ထိုင်ပါဦးလင်းရယ် ၊ ဘယ်လိုတွေဖြစ်ရတာလဲ"

"သူ ..... သူရှောင်နေတယ်ကိုစေရယ် ၊ ညီမ မညာရပါဘူး ၊ ညီမ
လေ သူဒီလောက်ရက်စက်လိမ့်မယ်လို့မထင်မိဘူး"

"သူနဲ့လုံးဝအဆက်အသွယ်မရဘူးလား ၊ သူဘယ်သွားတတ်လဲခန့်
မှန်းမိလား"

"ညီမလည်းမစဉ်းစားတတ်တော့ပါဘူးကိုစေရယ် ၊ သူကညီမကို
ဖျက်ချခိုင်းတယ် ၊ ညီမဘယ်လိုမှမလုပ်နိုင်ဘူး ၊ လူ့အသက်တစ်
ချောင်းကိုလွယ်လွယ်နဲ့နုတ်မယူနိုင်ဘူး"

လင်းရတနာပြောတာတွေကိုနားထောင်ပြီးငိုနေသည်ကအမောင်
ဗိုက် ။ နဂိုကတည်းကသနားတတ်တဲ့လူသားပိစိလေးကကိုယ်ဝန်
နဲ့ဆိုတော့စိတ်ကပိုတောင်နုသွားသေး ။ ထစ်ခနဲဆိုမျက်ရည်လေး
တွေကျကျလာတတ်ရော ။

"ကလေး မငိုနဲ့လေ ၊ တိတ် တိတ်"

ဘေးမှာထိုင်နေတဲ့အမောင်ဗိုက်ကလေးကိုလည်းမျက်ရည်တွေ
သုတ်ပေးရသေးတယ် ။ ဒီလိုမြင်ကွင်းမျိုးကိုမြင်လိုက်ရတော့
လင်းရတနာအားကျမိတယ် ။ မိမိချစ်လွန်းလို့သူကြိုးဆွဲရာကခဲ့
တဲ့မိမိကိုအဖက်ပင်မလုပ်ဘဲ စေလိုရာကိုသာပြန်လိုချင်နေသည့်
မိမိချစ်ရသူ ဒီရေဟိန်းကိုလည်းမုန်းချင်ပေမဲ့မမုန်းရက်နိုင် ။ သူ့ရဲ့
သွေးသားလေးကရှိနေပြီမဟုတ်လား ။ နာမည်ကျော်ကြားနေတဲ့
မင်းသမီးတစ်ယောက်အနေနဲ့ဖွင့်ဟလို့လည်းမဖြစ်နိုင် ။ ချစ်ရသူ
ခိုင်းသမျှအကုန်လုပ်ခဲ့ပေမဲ့ မိမိဘက်ကိုတော့ချစ်ရသူကတစ်
ချက်ပင်လှည့်မကြည့် ။ သူအခုလိုခံစားနေရတာတွေကသူများရဲ့
ချစ်ခြင်းကိုခွဲဖို့ကြိုးစားမိခဲ့သည်ကြောင့်ပင်လား ။ ၇ပတ်သာသာ
ရှိသေးသည့်ဗိုက်ထဲကသွေးသားလေးကိုပင်သနားမိသည် ။ ဘာလို့များဒီလိုအမေမျိုးဆီရောက်လာရတာလဲကွယ် ။

သခင့်​စေလိုရာWhere stories live. Discover now