Episode - 18💛

11.1K 719 26
                                    

လင်းရတနာ၏မွေးနေ့ပွဲကိုသွားမည်လို့ပြောလိုက်ကတည်းက
အကောင်ပိစိလေးသည်စေလိုရာကိုနည်းနည်းစိတ်ကောက်နေ
သည် ။

"ကလေး ! ကိုယ် လင်းရတနာအတွက်မွေးနေ့လက်ဆောင်ဝယ်
ပေးဖို့ဘာဝယ်ပေးရမလဲ"

"ဘယ်သိမှာလဲ ၊ မိန်းကလေးမှမဟုတ်တာ လာမေးနေတယ်"

"ရန်နိုင့်ကိုမေးလည်းမသိ ၊ ကလေးမေးလည်းမသိနဲ့ ကိုယ်ဘာ
လုပ်ရမှန်းမသိတော့ဘူး"

"အဲ့တာဆိုကောင်မလေးတစ်ယောက်လောက်ထားကြည့်ပါလား ၊ အရာအားလုံးကွင်းကွင်းကွက်ကွက်ကိုသိလာလိမ့်မယ်"

လက်ထဲကအရုပ်နဲ့စေလိုရာကိုပစ်ပေါက်ပြီးအပေါ်ထပ်ကိုတက်
သွားသည် ။ အကောင်ပိစိလေးစိတ်ကောက်နေမှန်းသိပေမဲ့ ကိစ္စ
ပိုကြီးသွားမှာစိုးလို့ ဘာမှမပြောဘဲနေသည်က စေလိုရာအတွက်
နေရထိုင်ရခက်လာသည် ။ မရှင်းပြရရင်မနေနိုင်သည့်စေလိုရာ
သည် အကောင်ပိစိပစ်ပေါက်သွားသည့်အရုပ်ကလေးကိုလက်
တစ်ဖက်ကကိုင်ကာအပေါ်ထပ်သို့တက်လာသည် ။ အခန်းတံခါး
ခေါက်ပြီးဖွင့်ကြည့်လိုက်သည် ။ အကောင်ပိစိလေးသည် ပြတင်း ပေါက်ဘောင်ပေါ်တက်ထိုင်ကာစာအုပ်ဖတ်နေသည် ။

"ကလေး ကိုယ်နဲ့အတူလိုက်ခဲ့မလား"

"မလိုက်ချင်ပါဘူး ၊ ကာယကံရှင်မဖိတ်ဘဲနဲ့မသွားနိုင်ဘူး"

"ဒါဆိုဘာလို့စိတ်ကောက်နေတာလဲကလေးရယ် ၊ ကိုယ်လည်း
အရမ်းသွားချင်လွန်းလို့မဟုတ်ပါဘူး ၊ သူကလာဖိတ်တော့လူမှု
ရေးအရ သွားရမှာလေ"

"ဘယ်သူကဘာပြောနေလို့လဲ ၊ ဒီမှာစာဖတ်နေတယ် သွားတော့"

"ကလေး အခုဘာကိုစိတ်ဆိုးနေတာလဲ ၊ ကိုယ်တကယ်မသိတော့
ဘူး"

"ဘာမှစိတ်မဆိုးဘူး သွား သွားလို့ ၊ ဖယ်ပါဆို"

"မဖယ်ဘူးကွာ ၊ ကလေးဘာကိုစိတ်ဆိုးနေတာလဲ ၊ ကိုယ့်ကိုစကား
အကောင်းမပြောတာရက်ပိုင်းရှိနေပြီ ၊ ကလေးဘာကိုစိတ်တိုင်း
မကျဖြစ်နေတာလဲ ၊ အရင်တုန်းက ကလေးဒီလိုမဟုတ်ဘူး ၊ အခု
နောက်ပိုင်းကလေးအရမ်းလည်းစိတ်ဆက်တယ် ၊ အရမ်းလည်း
ဂျီကျတယ် ၊ ကလေးဘာတွေဖြစ်နေတာလဲ"

သခင့်​စေလိုရာWhere stories live. Discover now