အပိုင်း - ၂💚

24.8K 1.5K 123
                                    

ညနေခြောက်နာရီ အကောင်ပိစိလေးကိုကြိုရန်အတွက်သူ၏Entertainmentထဲမှထွက်လာခဲ့လိုက်သည်။ ခြောက်နာရီခွဲလောက်တွင် အကောင်ပိစိလေး၏သင်တန်းအရှေ့သို့ရောက်နေပြီဖြစ်သည်။ သင်တန်းထဲမှလူအများကြီးထွက်လာပါသော်လည်း သူ့ရဲ့အကောင်ပိစိလေးကတော့ထွက်မလာသေးပါ။ သင်တန်းအချိန်ကလည်းကျော်နေပြီမို့ စေလိုရာကားပေါ်မှဆင်းပြီး သင်တန်းထဲသို့ဝင်လိုက်သည်။ သင်တန်းကောင်တာမှကောင်မလေးတွေကရယ်ရယ်မောမောစကားတွေပြောနေကြပြီး သူဝင်လာမှအကုန်ရပ်တန့်ကုန်ကြသည်။

"သခင်တို့အတန်းကမဆင်းသေးတာလား ... အကုန်လုံးထွက်လာပြီး ကျွန်တော့်ကလေးထွက်မလာသေးလို့"

သင်တန်းကောင်တာမှကောင်မလေးတွေ သူမေးတာမဖြေဘဲသူ့ကိုပဲစိုက်ကြည့်နေကြသည်။ စေလိုရာနောက်ထပ်တစ်ခေါက်ထပ်မေးရသည်။

"ဒီမှာညီမတို့ အစ်ကိုမေးနေတယ်လေ ... သခင် ဘာလို့အခုထက်ထိသင်တန်းထဲကထွက်မလာသေးတာလဲလို့"

"အာ အာ ခဏလေးနော် ... သခင် ... သခင်က Section Aမှာ ... ညီမ အပေါ်မှာသွားကြည့်ပေးမယ်နော်"

စေလိုရာ ကောင်တာကကောင်မလေးထက်အရင်ပြေးတက်
လိုက်သည်။ အခန်းထဲမှာသခင်တစ်ယောက်တည်းငုတ်တုပ်လေးထိုင်ပြီး ဘောပင်လေးကိုက်ထားကာ ခေါင်းတွေကုတ်နေသည်။

"ကလေး ... ဟာကွာ စိတ်ပူသွားတာပဲ ... တစ်ယောက်တည်းဘာလုပ်နေတာလဲ"

"ဦး ကလေးစာမရသေးလို့ ... ဆရာကဒီတစ်ပုဒ်ပြီးမှပြန်ရမယ်ဆိုလို့ပါ"

စေလိုရာရောက်နေစဉ် လူတစ်ယောက်အခန်းထဲဝင်လာပြီး ခုဏကကောင်မလေးလည်းအနောက်ကပါလာသည်။

"စေလိုရာရဲ့အုပ်ထိန်းသူလား"

စေလိုရာ ထိုလူ့ကိုခေါင်းစခြေဆုံးကြည့်လိုက်သည်။ အသက်
က စေလိုရာနဲ့အတူတူ‌လောက်ဖြစ်မည်။ သန့်သန့်ပြန့်ပြန့်နဲ့ကြည့်လိုက်တာနဲ့ဆရာဆိုတာတန်းသိနိုင်သည်။

"ကျွန်တော်က ဒီအတန်းကဆရာပါ ... သခင်က ပုဒ်စာလေးတစ်ပုဒ်ကိုမရလို့ တွက်ခိုင်းနေတာပါ ... စိတ်ပူသွားစေမိတာ ကျွန်တော့်ဘက်က တောင်းပန်ပါတယ်"

သခင့်​စေလိုရာΌπου ζουν οι ιστορίες. Ανακάλυψε τώρα