အပိုင်း - ၁၃💚

11.7K 750 30
                                    

မနက်စာစားရန်အတွက် သုံးယောက်လုံးထမင်းစားစားပွဲတွင်ထိုင်နေကြသည်။ မေဆူးခက်ရှိနေသည့်အတွက် မနက်စာကိုတော့အပြင်မှာစားရန်မလို။ သို့သော် စေလိုရာ၏အသည်းကျော်လေးက ကောက်နေသည်။

"မာမီ သားကအဲ့လူကြီးစားပြီးမှစားမယ်"

ထမင်းစားပွဲတွင်ထိုင်နေရာမှထပြီး စေလိုရာ့ကိုမျက်စောင်းထိုးပြီးထွက်သွားသည်။ မေဆူးခက်လည်းအခြေအနေကဘယ်လိုဖြစ်နေတာလဲဆိုတာသိချင်တာကြောင့် စေလိုရာ့ကိုအကြည့်တစ်ချက်နဲ့မေးလိုက်သည်။ သို့သော် စေလိုရာကခေါင်းကုတ်ပြီး အကောင်ပိစိလေးအနောက်ကိုပြေးလိုက်သွားသည်။

"ကလေး! ကလေး! ဦးကိုစိတ်ဆိုးနေတာလား"

"မဆိုးပါဘူး ... ဒီအတိုင်းပဲဘာမှမဖြစ်ဘူး"

"ဖြစ်နေပါတယ် ... ပြော ကိုယ်အမှားလုပ်မိထားတယ်မလား"

"သိချင်ရင် ဦးရဲ့ကောင်မလေးတွေကိုသွားမေးပါလား"

အခန်းတံခါးကြီးကိုဝုန်းခနဲပိတ်သွားပြီး အိပ်ရာပေါ်ပစ်လှဲပစ်လိုက်သည်။ စားပွဲပေါ်ရှိဖုန်းကိုလှမ်းယူလိုက်ပြီး နားကြပ်တပ်ကာသီချင်းဖွင့်လိုက်သည်။ ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်လိုက်ပြီး စာအုပ်စင်လေးဆီလျှောက်သွားလိုက်သည်။ စာအုပ်စင်ပေါ်မှဖတ်ချင်သည့်စာအုပ်လေးတစ်အုပ်ကိုယူလိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ်တွင်တက်ထိုင်လိုက်သည်။ စာအုပ်လေးကိုဖွင့်ကာစိတ်ဝင်တစားဖတ်နေသည်။ စေလိုရာကအကောင်ပိစိလေး၏အခန်းထဲသို့ဝင်လာသည်။ ပြတင်းပေါက်ဘောင်ပေါ်ကအကောင်ပိစိလေးကိုပွေ့ချီလိုက်သည်။

"ဟာ ဘာလုပ်တာလဲ ... ဒီမှာစာဖတ်နေတယ်လေ"

နားကြပ်ကလေးကိုဖြုတ်ကာ စေလိုရာကိုမော့ကြည့်ပြီး စူပုပ်ပုပ်လေးနဲ့စကားဆိုလာသည်။ စေလိုရာကဘာမှပြန်မပြောဘဲပွေ့ချီကာအောက်ထပ်သို့ဆင်းလာပြီး ထမင်းစားစားပွဲရှေ့တွင်ချပေးလိုက်သည်။

"အပြင်မှာပဲစားလိုက်တော့မယ် ... အဲ့ကလေးကိုသာသေချာကျွေး
လိုက် သွားပြီ"

အကောင်ပိစိလေးကသူရှိနေရင်မစားဘူးလို့ဆိုထားသောကြောင့် သူအပြင်မှာပဲစားလိုက်တော့မည်ဟုဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ တစ်သက်နဲ့တစ်ကိုယ်ဒီလောက်ချစ်တတ်တဲ့လူကိုမမြင်ဖူးလို့ မေဆူးခက်မျက်လုံးပြူးကာမော့ကြည့်မိသည်။

သခင့်​စေလိုရာWhere stories live. Discover now