သခင့်​စေလိုရာ(Extra)

14K 714 15
                                    

သားသား​လေး​ရောက်လာတဲ့​နေ့ကတည်းကစပြီးဒီ​နေ့အထိအလွန်ကို​ပျော်ရွှင်ရတဲ့​နေ့ရက်က​လေး​တွေကိုပိုင်ဆိုင်ဖြတ်သန်းနိုင်သည်  ။
ထက်ဘုန်းသခင်​လေးကစကား​တွေကိုဝူးဝူးဝါးဝါးနဲ့​ပြောတတ်လာ
သည်  ။  သူ့ရဲ့အ​ကောင်ပိစိ​လေးကလည်းဘွဲ့ယူရ​တော့မည်  ။  အ​ဝေးသင်အ​နေနဲ့​ကျောင်းဆက်တက်ပြီးအခု​တော့ဘွဲ့ရ​တော့မည်  ။
သူဝါသနာပါတဲ့ဒီဇိုင်းပိုင်းမှာလည်းထူးချွန်​နေပြီဖြစ်သည်  ။  ဒီ​နေ့က  ဦးရဲ့အ​ကောင်ပိစိ​လေးဘွဲ့ယူရမည့်​နေ့ဖြစ်သည်  ။   ဘွဲ့ဝတ်စုံကြီးတကားကားနဲ့အ​ကောင်ပိစိ​လေးကသူ့ကိုအသည်းယား​အောင်လုပ်​နေပြန်သည်  ။  မနက်ပိုင်း​စော​စော​လေးထပြီးပြင်ဆင်ရသည့်အတွက်
အ​ကောင်ပိစိ​လေးအိပ်​ရေးမဝ  ။  သားကညပိုင်းဆိုခဏခဏနိုးလွန်းလို့ပြန်အိပ်​အောင်သိပ်ရတာ​တွေ​ကြောင့်လည်းပါသည်  ။

"က​လေး  အရမ်းအိပ်ချင်​နေရင်အိပ်လိုက်​လေ  ၊  ​ရောက်ရင်ကိုယ်နှိုး​ပေးမယ်"

"ဟုတ်တယ်သားငယ်  အိပ်လိုက်  ၊  ​မာမီ့​ပေါင်​ပေါ်လှဲအိပ်မလား"

"ဟုတ်  ခဏအိပ်ချင်တယ်  ၊  ညကသား​ကြောင့်​တော်​တော်နဲ့အိပ်လို့
မရဘူး"

"ဒါဆိုအ​နောက်ကိုလာခဲ့"

ဒယ်ဒီကအ​ရှေ့တက်​ပေးပြီးသခင်ကအ​နောက်ကိုဆင်းကာမာမီ့​ပေါင်​ပေါ်လှဲအိပ်လိုက်သည်  ။  အရမ်းကိုအိပ်ချင်​နေလို့ခဏ​လေးအတွင်း
အိပ်​ပျော်သွားသည်  ။  ​ကျောင်းဝင်းထဲကိုဝင်လိုက်တာနဲ့ဘွဲ့ဝတ်စုံ​တွေနဲ့ရှုပ်ယှက်ခတ်​နေ​တော့သည်  ။  ကားရပ်ရမည့်​နေရာကိုပင်အ​တော်ရှာယူလိုက်ရသည်  ။  ကားလည်းရပ်ပြီးသွားပြီ  ။  ​အခုထက်ထိသခင်
မနိုး​သေးပါ  ။  တကယ်ကိုနှစ်နှစ်ခြိုက်ခြိုက်နဲ့အိပ်​ပျော်​နေသည်  ။
ဒယ်ဒီ့လက်ထဲ​ရောက်​နေတဲ့သား​လေးနဲ့အပြိုင်ကိုအိပ်​နေ​တော့သည်။

"တကယ်ပင်ပန်း​နေရှာတာ  ၊  သားကညဘက်ဆိုက​လေးဆီပဲကပ်​နေတာ"

"အမ​လေး  ဒီဟာ​လေးငယ်ငယ်တုန်းကလည်းအဲ့လိုပဲငါ့ကိုပဲကပ်တာ
၊  အခု​တော့သူ့အလှည့်​ရောက်ပြီ"

သခင့်​စေလိုရာWhere stories live. Discover now