အပိုင်း - ၆💚

13.7K 920 48
                                    

အကောင်ပိစိလေးမနက်နိုးလာသည့်အခါ သူတင်းတင်းကြပ်ကြပ်အဖက်ခံထားရတာကို သတိထားမိလိုက်သည်။ သူမျက်လုံးဖွင့်မကြည့်သေးဘဲ နည်းနည်းတွန်းထုတ်ကြည့်လိုက်သည်။ သို့ပေမဲ့ တွန်းထုတ်၍မရဘဲ သူ့ကိုပိုလို့တောင်တိုးပြီးဖက်လာသည်။ အကောင်ပိစိမျက်လုံးလေးတစ်ဖက်ဖွင့်ကြည့်လိုက်လေသည်။ သူ့ကိုစိုက်ကြည့်နေသည့် စေလိုရာကိုတွေ့တော့ မျက်နှာလေးက ချက်ချင်းနီရဲတက်သွားသည်။

"ဦး ဘယ်တုန်းကရောက်နေတာလဲ"

"ညက ... ဒီမနက်ကလေးရဲ့မိဘတွေဆင်းလာမယ်တဲ့"

"အဲ့တာကြောင့် ဒီမှာလာအိပ်နေတာပေါ့ ... ကလေးကိုအဲ့လောက်တောင်ချစ်တာလား"

"ချစ်တာပေါ့ ... ကိုယ့်ဘဝမှာမိဘတွေမရှိတော့တဲ့နောက်ပိုင်း ကလေးကကိုယ့်ဘဝပဲ ... အချစ်ကြီးတယ်ပဲပြောရမလား"

"ဒါဆို ဒယ်ဒီနဲ့မာမီ့ကိုပြောရအောင်လေနော်"

"မပြောသေးဘူးကလေးရယ် ... ကလေးပညာရေးထိခိုက်မယ်  ... ပညာကိုဆုံးခန်းတိုင်အောင်သင်ယူပြီးမှပြောကြတာပေါ့"

"မာမီနဲ့ဒယ်ဒီ ဒီနေ့လာကြမှာပေါ့"

"အင်းလေ ... မနက်ကားနဲ့လာမယ်တဲ့"

အကောင်ပိစိကဘာတွေဝမ်းနည်းသွားလည်းမသိ မျက်ရည်လေးတွေဝဲတက်ပြီး ရင်ခွင်ထဲအတင်းကိုတိုးဝင်လာသည်။ ဘယ်လိုမှရင်ခွင်ထဲကဆွဲထုတ်လို့လည်းမရ။ သူပြောလိုက်တာအမှားပါသွားလေသလား။ ဘယ်စကားကအကောင်ပိစိလေးကိုဝမ်းနည်းသွားစေရတာလဲ။ ရင်ခွင်ထဲမှာ ရှိုက်ရှိုက်ပြီးအားပါးတရငိုနေလေသည်။

"ကလေးရယ် ကိုယ်ပြောတာအမှားပါသွားလို့လား ... မငိုပါနဲ့တော့ ... ကလေးကငိုနေတော့ ကိုယ်ဘာလုပ်ရမှန်းတောင်မသိတော့ဘူး ... မငိုပါနဲ့တော့ကွာ ... ကိုယ့်ကိုချစ်ရင်တိတ်ပါတော့နော်"

ခေါင်းလေးကိုအသာအယာပွတ်သပ်ပေးရင်း အကောင်ပိစိကိုချော့မြူပေးနေရသည်။ တော်တော်နဲ့အငိုမတိတ်ဘဲ သူငိုလို့ဝမှရင်ခွင်ထဲကနေထွက်လာသည်။

"ကလေးကဝမ်းနည်းလို့ငိုတာမဟုတ်ဘူး ... ဦးက ကလေးကိုအရမ်းချစ်တော့ ပျော်လို့ငိုမိတာ ... ဝမ်းသာမျက်ရည်ပါ ဟီးဟီး"

သခင့်​စေလိုရာWhere stories live. Discover now