စေလိုရာကစာရွက်စာတမ်းတွေကိုလက်ထဲတွင်ကျစ်ကျစ်ပါ
အောင်ဆုပ်ကိုင်ထားပြီး တစ်ရွက်ပြီးတစ်ရွက်လှန်ကြည့်နေသည် ။ နောက်ဆုံးစာရွက်ကအဖြေကိုသူတအံ့တဩငေးမောကြည့်နေမိ
သည် ။ လက်တဖဝါးစာတောင်မပြည့်တပြည့်လေးဖြစ်နေသည့်
စက္ကူအပိုင်းအစလေးတစ်ခုကသူ့ရဲ့ရင်ကိုလှုပ်ခတ်စေနိုင်သည် ။"ကလေး နောက်နေတာလား ၊ ဒါနောက်စရာမဟုတ်ဘူးနော်"
စာရွက်တွေပေါ်ကစာကြောင်းတွေကိုဖတ်ကြည့်ခြင့်အားဖြင့်ရှင်း
ပြစရာမလိုလောက်အောင်ကိုပင်ရှင်းလင်းနေပါသည် ။ စေလိုရာ
အကောင်ပိစိလေးကိုငုံ့ကြည့်လိုက်တော့ခေါင်းကိုမဖော်နိုင်
လောက်အောင် အတင်းငုံ့ထားတော့သည် ။"ကလေး ကိုယ်မေးနေတယ်လေ ၊ ဒီစာရွက်တွေကိုကိုယ်နားလည်
ပေမဲ့ ကလေးကိုတော့ကိုယ်နားမလည်တော့ဘူး"ခေါင်းမော့မလာသည့်အကောင်ပိစိကြောင့်စေလိုရာလက်နှစ်ဖက်
ဖြင့်မျက်နှာလေးကိုအသာအယာမော့ယူလိုက်သည် ။ ငိုချင်နေ
သည့်စိတ်ကိုထိန်းချုပ်ထားသည့်ပမာအောက်နှုတ်ခမ်းကိုအသေ
ကိုက်ကာမျက်လုံးထဲကမျက်ရည်စတွေအောက်သို့မကျဆင်းနိုင်
အောင်ထိန်းထားသည် ။"မငိုပါနဲ့ ၊ ကိုယ်တကယ်ကိုနားမလည်လို့ပါ ၊ ကိုယ်နဲ့ကလေးက
တစ်အိမ်တည်းမှာတစ်ချိန်လုံးအတူတူရှိနေကြတာလေ ၊ ဘယ်အ
ချိန်ကဘယ်လို ......""ဦးကိုစချစ်မိတဲ့အချိန်က"
"ဟမ် ! ဘယ်လို"
"ဦးကိုစချစ်မိတဲ့အချိန်က ကလေးအရဲစွန့်ခဲ့တာ ၊ ဦးလည်း
ယောကျာ်းသားတစ်ယောက်ပဲလေ ၊ တစ်ချိန်ချိန်တော့မိသားစုဆို
တာကိုလိုချင်လာမှာပဲ ၊ ဦးပြောဖူးတယ်လေ ၊ ဦးရဲ့မိဘတွေလိုမျိုး
ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်ချင်ခဲ့တယ်ဆို ၊ ပြီး
တော့ဦးလိုချင်တဲ့မိသားစုကိုကလေးကပဲဖန်တီးပေးချင်တာ""ကလေး ကိုယ်ပြောမယ်နော် ၊ မိန်းမလေးတစ်ယောက်တောင်
အရမ်းခက်ခဲတဲ့ကိစ္စတွေကို ကလေးဘယ်လောက်တောင်နာကျင်
ရမလဲ ၊ အဲ့အချိန်တွေကိုကလေးတစ်ယောက်တည်းဘယ်လိုဖြတ်
သန်းခဲ့ရမလဲ ၊ ကိုယ့်ကိုဘာလို့မပြောခဲ့တာလဲကွာ"
YOU ARE READING
သခင့်စေလိုရာ
Romanceစေလိုရာ 💚 သခင် (အရာအားလုံးကိုအချိန်တွေကကုစားသွားမှာပါလို့ပြောပေမဲ့ သူ့အတွက်တော့ ကလေးငယ်နှင့်ပတ်သက်သည့်အရာအားလုံးကို မည်သည့်အချိန်ကမှမကုစားနိုင်ပါ) Male Pregnant👶 ဇာတ်လမ်းအဖြစ်အပျက်၊ နေရာ၊ ဇာတ်ကောင်များအားလုံးသည် ဝင့်လွှာ၏စိတ်ကူးယဉ်မျှသာဖြစ်သည်။ ဝင...