အပိုင်း - ၁၅💚

12.1K 739 27
                                    

ယခုထက်ထိနေမကောင်းသေးသည့်အကောင်ပိစိလေး၏စိတ်
ကောက်ခြင်းအနုပညာသည် ရှည်လျားလှသည်။ ဖျားရုံတင်မက
တစ်ကိုယ်လုံးနီရဲပြီးယားယံလာသည်အထိဖြစ်လာသည်။ ဆေး
သောက်ရုံနဲ့မရတော့လို့ ဆေးထိုးရသည်အထိဖြစ်လာရသည်။ ညဘက်တွေဆို မေဆူးခက်နဲ့စေလိုရာမှာကောင်းကောင်းမွန်မွန်အိပ်မရပါ။ ယားယံလွန်းလို့ မအိပ်ဘဲငုတ်တုပ်ထိုင်နေသည့်အကောင်ပိစိလေးကြောင့် သူတို့နှစ်ယောက်လည်း ငုတ်တုပ်ထိုင်ရသည့်ည‌ပေါင်းများခဲ့ပါပြီ။

"မာမီ အိပ်လေ ... သားတစ်ယောက်တည်းနေလို့ရပါတယ်"

"မအိပ်ပါဘူး ... သားတစ်ယောက်တည်းလည်းမဖြစ်ဘူး"

ယားလို့ဟိုကုတ်လိုက်ဒီကုတ်လိုက်ဖြစ်နေသည့်အကောင်ပိစိကိုကြည့်ပြီး စေလိုရာစိတ်မကောင်းဖြစ်နေသည်။ မြန်မာနိုင်ငံမှာလူသန်းပေါင်းမြောက်များစွာရှိပါလျက် ဘာလို့သူ့ကလေးမှလာဖြစ်ရသလဲလို့သူတွေးမိသည်။ အကောင်ပိစိလေးအစားသူသာဖြစ်လိုက်ချင်သည်။

"ဟိုဦးအရှုပ်အပွေကြီး လူကိုဘာလို့စိုက်ကြည့်နေတာလဲ ... ယားလို့
ကုတ်နေတာကို ဟားဟားဟားဆိုပြီးကြိတ်ရယ်နေတာမလား"

ကိုယ့်အတွေးနဲ့ကိုယ်မရယ်ချင်ပေမဲ့ အကောင်ပိစိရဲ့စကားကြောင့်ခွီးခနဲရယ်ချမိလိုက်သည်။ အဲ့ဒီ့အချိန်က အကောင်ပိစိရဲ့ဗို့အားတစ်ထောင်ခန့်လောက်ရှိသည့်အကြည့်တွေနဲ့ကြည့်ခြင်းခံလိုက်ရသည်။ အကြည့်တွေအပြင်လက်တွေပါ ပါလာ‌လေသည်။ စေလိုရာ၏လက်မောင်းကို သူ့လက်တွေနဲ့ထုရိုက်လေတော့သည်။ မေဆူးခက်ကတော့ အခြေအနေမဟန်လို့ အခန်းထဲဝင်နေလိုက်သည်။ ယောကျာ်းလေးတစ်ယောက်ထုရိုက်တဲ့အားကနည်းသည်‌တော့မဟုတ်လှပါ။ စေလိုရာလည်း ကြာလာတော့နာလာသည်။

"နာလား"

ဆူပုတ်နေသည့်မျက်နှာလေးနဲ့မျက်စောင်းထိုးပြီး မေးလာသည်။ စေလိုရာက အကောင်ပိစိလေးကိုပြုံးပြပြီး ခေါင်းကိုခါရမ်းပြသည်။

"ခင်ဗျားကြီးကကျောက်ရုပ်ကြီးလား ... မနာတတ်ဘူးလား"

"တခြားလူလုပ်ရင်တော့နာတယ် ... ဒါပေမဲ့ကလေးဘာလုပ်လုပ်မနာဘူး ... အဲ့ဒါ ဒီပိစိလေးကိုချစ်လို့"

သခင့်​စေလိုရာWhere stories live. Discover now