"ဟိန်း !"
'ဟိန်း'ဆိုသည့်ခေါ်သံကြောင့်အမောင်ဗိုက်ကလေးလန့်သွားသည် ။ ဦးခေါ်လိုက်တဲ့ဟိန်းက သူသိထားတဲ့ဟိန်းများဖြစ်နေမလား ။
အထိတ်တလန့်နဲ့ဘေးကိုကြည့်လိုက်တော့ ညှို့ယူဆွဲဆောင်နိုင်တဲ့
အကြည့်တွေ ၊ မိန်းကလေးတွေကြွေလောက်တဲ့ခန္ဓာကိုယ်မျိုးကို
ပိုင်ဆိုင်ထားတဲ့ ဒီရေဟိန်းမှ ဒီရေဟိန်းအစစ် ။ အမောင်ဗိုက်
လေးက ဦးကိုမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့မော့ကြည့်ရှာတယ် ။
ဦးက ဘာမှမဖြစ်ပါဘူးဆိုတဲ့အကြည့်မျိုးနဲ့ကြည့်ပြီးပြုံးပြတယ် ။ ဒီရေဟိန်းနဲ့လင်းရတနာကမျက်နှာချင်းဆိုင်ဝိုင်းမှာဝင်ထိုင်လိုက်
တယ် ။ ဒီရေဟိန်းကဦးဘက်ကိုမြင်ရတဲ့အနေအထားမှာထိုင်နေ
တယ် ။ ဟော့ပေါ့အရမ်းစားချင်ပါတယ်ဆိုတဲ့အမောင်ဗိုက်လေး
စားနေသည်ကအရာတောင်မယွင်းသေး ။"ပူတူး ဘာဖြစ်လို့လဲ ၊ စားလေ ဗိုက်ဆာတယ်ဆို"
"ကလေးမစားချင်တော့ဘူး ၊ အိမ်ပြန်ချင်တယ်"
အမောင်ဗိုက်လေးရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ဘာကိုတွေးနေလဲ
ဆိုတာဦးသိလိုက်တယ် ။ ဒီရေဟိန်းကိုတွေ့တာနဲ့အမောင်ဗိုက်က
လေးကမျက်နှာမကောင်းတော့ဘူး ။"ဒါဆိုလည်းပြန်ကြမယ်လေ နော်"
ဘေလ်ရှင်းဖို့ခေါ်လိုက်ပြီးပိုက်ဆံပေးကာဆိုင်ထဲကနေပြန်ထွက်
လာကြတယ် ။ ဒီရေဟိန်းကဦးကိုမျက်စိတစ်ဆုံးအထိသေသေ
ချာချာကြည့်နေသေးသည် ။ ကားစမောင်းလာသည်ကနေအခု
အိမ်ရောက်သည်အထိအမောင်ဗိုက်ကလေးကစကားတစ်ခွန်းဆို
တစ်ခွန်းတောင်မပြော ။ ငြိမ်ကျပြီးမျက်နှာလေးကညှိုးငယ်နေ
တယ် ။"သား ငယ်လေးဘာဖြစ်လာတာလဲ"
အမောင်ဗိုက်ကခံစားချက်တွေကိုမဖုံးကွယ်နိုင်ဘူး ။ အရာအား
လုံးကမျက်နှာမှာအကုန်ပေါ်နေတယ် ။ ကြီးသစ်ကတောင်မေးယူ
ရသည်အထိပင် ။"နောက်မှပြောပြမယ်နော်ကြီးသစ် ၊ ပူတူးအတွက်စားစရာတစ်ခုခု
လုပ်ပေးပါနော် အရမ်းခက်ခဲတာမျိုးကြီးတော့မလုပ်နဲ့ကြီးသစ်"
YOU ARE READING
သခင့်စေလိုရာ
Romanceစေလိုရာ 💚 သခင် (အရာအားလုံးကိုအချိန်တွေကကုစားသွားမှာပါလို့ပြောပေမဲ့ သူ့အတွက်တော့ ကလေးငယ်နှင့်ပတ်သက်သည့်အရာအားလုံးကို မည်သည့်အချိန်ကမှမကုစားနိုင်ပါ) Male Pregnant👶 ဇာတ်လမ်းအဖြစ်အပျက်၊ နေရာ၊ ဇာတ်ကောင်များအားလုံးသည် ဝင့်လွှာ၏စိတ်ကူးယဉ်မျှသာဖြစ်သည်။ ဝင...