အပိုင်း - ၁၁💚

11.9K 817 32
                                    

ပြတင်းပေါက်အပြင်ဘက်မှ ငှက်ကလေးများ၏အသံများကြောင့်စေလိုရာနိုးလာသည်။ နိုးလာသည်နှင့်ချက်ချင်း ဘေးဘက်ကအခန်းလေးထဲသို့ဝင်ကြည့်လိုက်သည်။ အိပ်ရာပေါ်တွင်အကောင်ပိစိမရှိတော့ပါ။ မင်းပိုင်စေများပြန်ခေါ်သွားလေပြီလားလို့တွေးမိပေမဲ့ ဒီနေရာကိုဘယ်သူမှမသိသေးပါ။ သူအခန်းထဲကပြန်ထွက်လာတော့ အကောင်ပိစိလေးကအိမ်ရှေ့ကနေပြေးဝင်လာသည်။ သူ့အပေါ်အတင်းခုန်တက်ပြီးဖက်ထားပါတော့သည်။ အကောင်ပိစိလေးထံမှ သနပ်ခါးနံ့သင်းသင်းကလေးရလိုက်သည်မို့ ပိစိလေးမျက်နှာကိုကြည့်လိုက်သည်။

"ကလေး သနပ်ခါးလိမ်းထားတာလား"

"ဟုတ်တယ် ... ဟီးဟီး ဒေါ်ကြီးသနပ်ခါးလိမ်းထားတာတွေ့တော့ လိမ်းချင်လာလို့ဓားပြတိုက်ပြီးလိမ်းထားတာ"

"ကလေးရယ် ဒေါ်ကြီးသနားပါတယ်"

"သနားစရာမလိုပါဘူးစေလိုရာရယ် ... မင်းကလေးရဲ့ဓားပြတိုက်နည်းကတစ်မျိုးကွဲ့ ... ချစ်စရာအမူအရာလေးနဲ့ဓားပြတိုက်တော့မပေးချင်ဘဲနေပါ့မလားရှင်"

ဒေါ်ကြီးအသံကြားတော့ အကောင်ပိစိလေး သူ့ကိုယ်ပေါ်မှခုန်ဆင်းလိုက်သည်။ ဈေးခြင်းတောင်းဆွဲပြီးဝင်လာသည့်ဒေါ်ကြီးကပြုံးလျက်ပြောသည်။ ပြောနေရင်းနဲ့အကောင်ပိစလေး၏ပါးကိုဖွဖွလေးဆွဲလိုက်သည်။

"အာ ... ဒေါ်ကြီးကလည်းဗျာ"

"အမယ်လေး ရှက်နေသေးတယ် ... ဒီနေ့ကင်းမွန်ချက်မယ် အဆင်ပြေကြလားမသိဘူး"

"ပြေပါတယ်ဗျာ့ ... ကျွန်တော်အရမ်းကြိုက်တာ ဒေါ်ကြီးကိုပိုချစ်သွားပြီ ... ကျွန်တော်ကူလုပ်ပေးမယ်လေနော်"

"ကိုယ်ရေချိုးလိုက်ဦးမယ်"

အကောင်ပိစိလေးကဒေါ်ကြီးနဲ့အတူမီးဖိုချောင်တွင်ကူညီပေးနေသည်။ စေလိုရာရော သခင်လေးပါ နှစ်ဦးစလုံးဖုန်းတွေပိတ်ထားကြပြီး အရာအားလုံးကိုခေတ္တခဏလျစ်လျူရှု့ထားကြသည်။ ရန်ကုန်အိမ်တွင် မင်းပိုင်စေတို့ရောက်နေမယ်ဆိုတာလည်းရိပ်မိပါသည်။ အကောင်ပိစိလေး စေလိုရာ့ကိုမစောင့်နိုင်တော့ဘဲအခန်းထဲဝင်လာပြီး ရေချိုးခန်းတံခါးကိုထုပါတော့သည်။

သခင့်​စေလိုရာWhere stories live. Discover now